Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း-ဟားခါးကြားတိုက်ပွဲ စစ်တပ်အထိနာ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(ဖလမ်းမြို့အတွင်း စစ်တပ်ဝင်လာပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ကို ဧပြီနောက်ဆုံးပတ်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဖလမ်းကနေ ဟားခါးမြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာတာပါ။

“မနေ့က တနေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။ စခဘက်ကအကျအဆုံးများလို့ပြန်ဆုတ်တယ်။ဒါနဲ့ တလန်ရွန်ရွာကို မီးရှို့ကြတယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ တိုက်ပွဲအထိနာပါက ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတဲ့အတိုင်း ဆက်လက်လုပ်နေတာလို့ ပြောပါတယ်။

စစ်တပ်က ဖလမ်းကိုထိန်းချုပ်ပြီးနောက် ဖလမ်းကနေ ဟားခါးမြို့ကို ဆက်တိုးဖို့ ပြင်ဆင်နေသလို ဟားခါးမြိုဘဘက်ကလည်း ဖလမ်းကလာတဲ့ စစ်ကြောင်းနဲ့ ချိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“ဖလမ်း-ဟားခါးလမ်းကို ထိန်းချုပ်ချင်လို့ပါ”လို့ ဆလိုင်းထက်နီက စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အပေါ် သုံးသပ်ပါတယ်။

စစ်တပ်ဟာ ၂၀၂၅ ဧပြီမှာ လက်လွှတ်ခဲ့ရတဲ့ ဖလမ်းမြို့ကို ၂၀၂၅ အောက်တိုဘာက စတင်ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ အတူတကွ ခုခံခဲ့ရာ တိုက်ပွဲ ၆လကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။

ဖလမ်းမြို့ ပြန်ရဖို့ အင်အားထောင်ချီ လေကြောင်းပစ်ကူ အလုံးအရင်းအသုံးပြု ခဲ့ရပြီး ချင်းတော်လှန်ရေးတပ်တွေရဲ့ ခန်မှန်းမှုအရ တိုက်ပွဲ ၆လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့် သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သလို ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်သား အများအပြား ရှိတယ်လို့ဆိုပါတယ်။ အလားတူ စစ်ကောင်စီထိုးစစ်ကိုခုခံခဲ့တဲ့ချင်းတော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။

ချင်းညီနောင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်ကတော့ ဖလမ်းမြို့ကို စစ်တပ်ပြန်ရသွားပေမယ့် ပွဲမပြီးသေးဘဲ ဆက်လုပ်စရာရှိတွေ ရှိပြီး အခုထက် ပိုအလုပ်လုပ်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။