Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဂိတ်စခန်း KNLAတိုက်ခိုက် စစ်တပ်အရာရှိ၂ဦးအပါအဝင် ၅ဦးသေ၊ လက်နက် ၅လက်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် – သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။

(ပိန်းဇလုပ်-သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

မေ-၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် – သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။

မေလ ၂ရက်ည ၉နာရီခွဲမှာ ပိန်းဇလုပ်နဲ့ သူဌေးကုန်းအကြား မီးရထားလမ်း (၁၄၇)တံတားမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၂ဦးနဲ့ တပ်သား ၃ဦးသေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။

တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းရှိတဲ (၃)လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး သေနတ် (၅)လက်အပါအဝင်ခဲယမ်းအချို့အားသိမ်းဆည်းရမိခဲ့ဟု မှတ်တမ်းဓာတ်ပုံတွေနဲ့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးမှာ KNLA ရဲဘော်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

KNU အနေနဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ၊ စစ်ရေးအရ တော်လှန်တွန်းလှန်လျက်ရှိပြီး ပြည်သူလူထုလိုလားတောင့်တသော စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက်အားထုတ် ကြိုးပမ်းလျက်ရှိကြောင်းလည်း အသိပေးထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး