Connect with us

Hi, what are you looking for?

သတင်း

၅နှစ်ကျော်အထိတော်လှန်ရေးမှာပါဝင်နေတဲ့ CDMဝန်ထမ်းတွေကို ကရင်နီ CDMကောင်စီ တွေ့ဆုံဂုဏ်ပြု

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ - KSCSC

မေ -၃၊၂၀၂၆။ဇော်ဝင်း/People’s Spring

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှာ ပါဝင်ဆောင်ရွက်နေတဲ့ ထွေအုပ် CDM တွေက ဦးဆောင်ပြီး ထွေအုပ် CDM တွေတွေ့ဆုံပွဲအစီအစဥ်ကို မနေ့က(မေလ ၂ ရက်)ကရင်နီပြည်နယ်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရာထူး၊ လစာတွေစွန့်လွတ်ပြီးပြည်သူ့တော် လှန်ရေးမှာပါဝင်ပေးဆပ်ခဲ့မှုတွေအတွက် CDM တွေကိုဂုဏ်ပြုအားပေးခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ကျဆုံးရေးနဲ့ စနစ်ပြောင်းပြည်သူ့ တော်လှန်ရေးကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ပေါ်ထွန်းလာတဲ့ အထိ CDM အဖြစ် တတ်စွမ်းရာ ကဏ္ဍအသီးသီးကနေ အတူတကွ တော်လှန်တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

KSCS ရဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည်နယ်မှာ အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းပေါင်း ၅,၆၀၀ကျော်ရှိပါတယ်။

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ CDM ဝန်ထမ်းမိသားစုတွေအတွက် ထောက်ပံ့မှု တွေ နဲ့ အသက် ၆၀ပြည့် CDM တွေကိုကူညီဖို့လည်း ကြိုးပမ်းနေတယ်လို့ KSCSက ထုတ်ပြန်ထားပါနယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်တပ် အာဏာသိမ်းလို့ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) အစီအစဥ်မှာပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်း လေးသိန်းထက် မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက CDM ဝန်ထမ်းအများစုရဲ့ဘဝရပ်တည်မှုတွေဟာ အခက်အခဲပေါင်းစုံနဲ့ ပိုရင်ဆိုင်နေကြရတယ်လို့ သက်ဆိုင်သူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိထားပါတယ်။

ဒါကြောင့် ဌာနတွင်းအလုပ်ပြန်ဝင်တဲ့ CDM ဝန်ထမ်းတွေရှိကာ အာဏာသိမ်းစစ်တပ်ရဲ့စည်းရုံးခံရတဲ့ CDM ဝန်ထမ်းတွေလည်းခံဝန်ထိုးရတာနဲ့ စောင့်ကြည့်ခံရတာတွေရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။