Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ်က မီးလောင်ဗုံးတွေကြဲ တိုက်ခိုက်၊ ပြည်သူ ထိခိုက်သေဆုံးမှုရှိ

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၈ရက် နေ့လည်ပိုင်းမှာ မီးလောင်ဗုံးတွေသုံး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(မင်းတပ်မြို့တနေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မီးလောင်နေတာကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat/FB)

မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၈ရက် နေ့လည်ပိုင်းမှာ မီးလောင်ဗုံးတွေသုံး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၈ရက်မနက် ၇နာရီလောက်မှာ စစ်တပ်က မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို လေကြောင်းက ၂ကြိမ်ဗုံးကြဲခဲ့ပြီးနောက် နေ့လည် ၁၂နာရီ ၄၅ မိနစ်မှာ ထပ်မံ ဗုံးကြဲခဲ့တာပါ။နေ့လည်ပိုင်း လေကြောင်း တိုက်ခိုက်မှုမှာ မီးလောင်ဗုံးနဲ့အတူ ဖျက်အားပြင်းဗုံးတွေ သုံးဗုံးကြဲသွားလို့ နေ့လည် ၂နာရီအထိ မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

” မနက်က နေရာကို ထပ်ကြဲတာ။ နေအိမ်အချို့ မီးလောင်တယ်။ ထိခိုက်သေဆုံးရှိတယ်။” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက်က လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟာ စစ်တပ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားပြီး အထိအခိုက်များအောင် မီးလောင်ဗုံးတွေ၊ ဗုံးတွေ သုံးပြီး အခုလို တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ မပြုလုပ်မီ မင်းတပ်မြို့ပေါ်ကို ကင်းထောက်ဒရုန်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နံနက် ၁၁နာရီလောက်မှာ ကင်းထောက်ဒရုန်း လာရောက်ပြီး ၁နာရီခွဲလောက်အကြာမှာ ဗုံးကြဲတိုက်ခိုက်တာ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

မင်းတပ်မြို့နယ်ကို ချင်းတောင်ပိုင်းတပ် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ CPU/CPA ထိန်းချုပ်ထားတဲ့ ကန်ပက်လက်၊ မင်းတပ်၊ ကျင်ဒွေး၊ မတူပီ ဒေသတွေကို လေကြောင်း တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်ဟာ ၂၀၂၄ အတွင်းမှာချင်းတောင်ပိုင်းတခုလုံး လက်လွှတ်ဆုံးရှုံးခဲ့ရပြီး မြေပြင်က ထိုးစစ်ဆင် ဝင်ရောက်နိုင်ခြင်းမရှိတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ချင်း-မကွေးအစပ် ဒေသတွေကို စစ်အင်အားဖြည့်တင်းမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ လည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။