Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာတာ လက်ဆောင်ပေးထားတဲ့ လေယာဉ်ကို Air Force Oneအဖြစ် အမေရိကန် လွတ်လပ်ရေးနေ့မှာ စတင်အသုံးပြုဖွယ်ရှိ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

ဗြိတိသျှ လက်အောက်ကနေ အမေရိကန် လွတ်လပ်ရေး ရခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ပြည့်တဲ့ ဇူလိုင် ၄ ရက်မှာ အဲဒီ Boeing 747 လေယာဉ်ကြီးဟာ Air Force One လေယာဉ်တွေ စာရင်းထဲ စတင်ပါဝင်လာနိုင်ခြေ ရှိနေကြောင်း အစိုးရ သတင်းရင်းမြစ် တစ်ဦးက Reutersဆီက ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ဟာ ကာတာအစိုးရဆီက လက်ဆောင်ပေးခဲ့တဲ့ 747-8 လေယာဉ်သစ်ကြီးကို မနှစ်တုန်းက လက်ခံရရှိခဲ့ပါတယ်။ အဲဒီလေယာဉ်တွေဟာ ပိုမိုကျယ်ဝန်းတဲ့ ကိုယ်ထည် တည်ဆောက်မှု၊ အဆင့်မြင့် နည်းပညာတွေ ပေါင်းစပ်ထားပြီး လေပေါ်က နန်းတော်တွေလို့ တင်စားခံရလောက်အောင် ခမ်းနားပါတယ်။ အမေရိကန် အစိုးရ ကိုယ်တိုင်ကလည်း Air Force Oneတွေအဖြစ် အသုံးပြုဖို့ 747-8 နှစ်စီးကို မှာယူထားပေမယ့် နှစ်အတော်ကြာအောင် စောင့်ရဦးမှာပါ။

လက်ရှိမှာတော့ အမေရိကန်ဟာ သက်တမ်း အိုမင်းနေပြီဖြစ်ပြီး သမ္မတ စီးတော်လေယာဉ်အဖြစ် ကိုက်ညီအောင် မွမ်းမံ ပြင်ဆင်ထားတဲ့ 747-200B နှစ်စီးကို Air Force Oneတွေအဖြစ် အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

Reutersရဲ့ သတင်းရင်းမြစ်က လေယာဉ် အသစ်ကို အမေရိကန် လွတ်လပ်ရေးနေ့မှာ Air Force Oneအဖြစ် စတင် အသုံးပြုဖွယ် ရှိပေမယ့် အဲဒီထက်စောပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၄ ရက်နေ့အမီ အစိုးရဆီ လက်လွှဲပေးဖို့ ကြိုးစားနေကြောင်းလည်း ပြောပါတယ်။

ကာတာဆီကနေ 747-8 လေယာဉ်ကို လက်ခံခဲ့တဲ့နောက် အတွင်းပိုင်းမှာ စစ်ဆေးမှုတွေ၊ Air Force One စံနှုန်းနဲ့ ကိုက်ညီအောင် ပြောင်းလဲမှုတွေကို လတွေနဲ့ချီ အချိန်ယူ လုပ်ဆောင်ခဲ့ရပါတယ်။ အခုတော့ အဲဒီလေယာဉ်ကြီးကို Air Force One တစ်စီးအဖြစ် အသုံးပြုနိုင်ဖို့ အသင့်အနေအထား နီးပါးလောက် ရောက်ရှိလာပြီလို့ ဆိုပါတယ်။

တစ်စီးကို ဒေါ်လာ သန်း ၄၀၀ လောက် တန်ဖိုးရှိပြီး သက်တမ်း ၁၃ နှစ်ကြာ အသုံးပြုထားတဲ့ လေယာဉ်ကြီးကို တန်ဖိုးကြီး လက်ဆောင်တစ်ခုအဖြစ် လက်ခံခဲ့တာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန် မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမယ့် ထရမ့်ကတော့ ဒီကိစ္စက ဘာအမှားမှ မရှိဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ သူက ဒီလောက် ကောင်းမွန်တဲ့ လက်ဆောင်ကို ငြင်းတယ်ဆိုရင် ရူးနေလို့ပဲ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကာတာကို အုပ်ချုပ်နေတဲ့ တော်ဝင်မိသားစုက လက်ဆောင်ပေးခဲ့တဲ့ ဇိမ်ခံလေယာဉ်ကြီးကို လုံခြုံရေးနဲ့ ဆက်သွယ်ရေး နည်းပညာတွေ အဆင့်မြှင့် ဖြည့်တင်းတာ၊ သူလျှိုပြုလုပ် ထောက်လှမ်းမှုကို တားဆီးဖို့အတွက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ စစ်ဆေးတာ၊ ဒုံးကျည် တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်တဲ့ စနစ်တွေ တပ်ဆင်တာတွေအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ရာနဲ့ချီ သုံးစွဲခဲ့ရလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်လေတပ် ထိပ်ပိုင်း အရာရှိ တစ်ဦးကတော့ Air Force One အသစ်ကို နွေရာသီလောက်မှာ လွှဲပြောင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingဟာ Air Force Oneအဖြစ် အသုံးပြုဖို့ 747-8 နှစ်စီးစာ အမှာစာ ရထားပေမယ့် လက်လွှဲပေးပို့ဖို့ ကတိပြုထားတဲ့ ကာလထက် ၄ နှစ်လောက် နောက်ကျမယ့် အခြေအနေမျိုး ရှိနေပါတယ်။ ဒါကြောင့် ထရမ့်ဟာ အဲဒီ Air Force One အသစ်တွေကို သူ့ရဲ့ လက်ရှိ သမ္မတ သက်တမ်းအမီ စီးနင်းခွင့် မရနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာတာနိုင်ငံရဲ့ ဓာတ်ငွေ့တွေ သန့်စင်ပြီး သိုလှောင်ထားတဲ့ အဓိက နေရာတစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေဟာ တစ်ဒါဇင်ကျော်ထိ မြင့်တက်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြောင်း ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လောင်စာဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။