Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းဆွဲခံရပြီး လေးဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မေ -၈၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းဆွဲခံရပြီး လေးဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂) ကလာတဲ့ စစ်တပ်စစ် ကြောင်းကို ပေါက်-ဆိပ်ဖြူ နဲ့ ပုသိမ်-မုံရွာလမ်းဆုံ အနီးမှာ အခုမေဘ ၆ ရက်က နင်းမိုင်း၊တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့(မေလ ၈ ရက်)နယ်မြေရှင်းတော့အလောင်းတွေကို ဖြစ်သလို မြှုပ်သွားတယ်။ဒရုန်းမောင်းသမား သေပြီး ဗုံးတပ်ထားတဲ့ ကင်းထောက် ဒရုန်းလဲ စစ်ကြောင်းထဲ ပြန်ကျလို့ ထပ်သေတဲ့သူတွေ ရှိတာ”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှုအပေါ် ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ၊ပေါက်မြို့နယ် ပကဖနဲ့ ရပ်ကျေး ပကဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းမှုအတွင်း စစ်တပ်စစ်ကြောင်းထံက စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အင်အား ၅၀၀ကျော်ပါတဲ့ ကပစ(၂၂)က စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းဝင်ရောက်သွားပြီးဖြစ်ကာ မြို့အနောက်ဘက်ခြမ်းရောက်နေပြီလို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ကပစ(၂၄)ထဲ ရောက်နေပြီ။ဘယ်ဆက်သွားမလဲ စောင့်ကြည့်ရဦးမယ်”လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ(၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။

ကပစ(၂၂)ကတဆင့် ပေါက်မြို့နယ်တောင်ပိုင်း သပြေအေးရွာကို မေလ ၁ရက်က စစ်ကြောင်း ဝင်ရောက်ခဲ့ပါတယ်။

“ကျောက်ထုကို ထိုးမယ်လို့ ပြောတယ်။၅၀၀ ကျော်တယ်။၆၀၀ နီးပါးကပ်တယ်။ ၉၉ တပ်မ ပါတယ်။စစ်ကြောင်းဦးဆောင်တာဗျူဟာမှူးလို့ ပြောတယ်။မိုင်းမိတာ သူတို့စက်ထဲမှာ ဟိုနေ့ကပြောသံကြားတာဗျူဟာမှူးထိသွားတယ်။ သုံးယောက်သေတယ်”လို့ မေလ ၂ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ်နှစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် (အမတ-၃၆၈)စစ်ကြောင်းဟာ ကံကြီးရွာမှာ အခြေပြုကာ ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

လူဦးရေ ၅၀၀ခန့်ရှိတဲ့ ကံကြီးရွာဟာ မကွေး – ချင်း – ရခိုင် ကုန်လမ်းကြောင်း ပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင်၊ မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါး ကွာဝေးပါတယ်။

“ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုရက်ပိုင်းထဲမှာ ထီးလင်းမြို့နယ်တောင်ပိုင်း၊ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ် ကြားနေရာတွေကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

Facebook