Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခါနီးပြီလို့ ယုံကြည်ကြောင်း ပူတင်ပြော

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခဟာ အဆုံးသတ်ကာလ နီးကပ်လာပြီလို့ သူယူဆကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခဟာ အဆုံးသတ်ကာလ နီးကပ်လာပြီလို့ သူယူဆကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ နာဇီဂျာမနီကို ဆိုဗီယက် ပြည်ထောင်စုက အနိုင်ရခဲ့တဲ့ နှစ်ပတ်လည် အောင်ပွဲနေ့ အခမ်းအနား မိန့်ခွန်းမှာ ပူတင်က အခုလို မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်စဉ် မေလ ၉ ရက်နေ့မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ ရုရှားရဲ့ စစ်ရေးပြ ချီတက်ပွဲတွေကို ထည်ထည်ဝါဝါ ပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ ယူကရိန်းရဲ့ ဒရုန်းတွေ တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် အခမ်းအနား အစီအစဉ်ကို အများကြီး ပမာဏ လျှော့ချခဲ့ရသလို တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေကိုလည်း ခင်းကျင်းပြသမှု မရှိခဲ့ပါဘူး။

ရုရှားရဲ့ အထူးစစ်ဆင်ရေးဟာ ဆုံးခန်းတိုင်တော့မယ်လို့ သူထင်ကြောင်း ပူတင်က ဆိုပါတယ်။ အထူးစစ်ဆင်ရေး ဆိုတာဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက အိမ်နီးချင်း ယူကရိန်း နိုင်ငံတွေ ရုရှားတပ်တွေ စတင် ကျူးကျော်ခဲ့တဲ့ စစ်ပွဲကို ဆိုလိုတာပါ။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ပူတင်က ယူကရိန်း စစ်ပွဲဟာ ရုရှားဆင်နွှဲတဲ့ တရားသောစစ် ဖြစ်တယ်လို့လည်း ထည့်ပြောသွားပါတယ်။ ယူကရိန်းဟာ ရန်လိုတဲ့တပ်တွေဖြစ်ပြီး နောက်ကွယ်ကနေ NATO စစ်မဟာမိတ် အဖွဲ့က ယူကရိန်းကို လက်နက်တပ်ဆင်ပြီး အားပေးအားမြှောက် လုပ်နေခဲ့တယ်လို့ ပူတင်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ရုရှားနဲ့ ယူကရိန်းကြား နှစ်ဖက်စလုံးက သဘောတူပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး အာမခံချက်မျိုး ဆွေးနွေးနိုင်တဲ့ အချိန်ကျမှသာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံမယ်လို့လည်း ပြောပါတယ်။

ကြားနိုင်ငံ တစ်ခုမှာ ဆွေးနွေးကြဖို့ ကိစ္စက ဖြစ်လာနိုင်ကြောင်း၊ ဒါပေမဲ့ ရေရှည်အတွက် သမိုင်းဝင် တည်တံ့မယ့် ငြိမ်းချမ်းရေး စာချုပ်မျိုးအတွက် သဘောတူညီပြီးမှသာ ဖြစ်နိုင်ကြောင်း ပူတင်က ဆိုပါတယ်။

ဇီလန်စကီးက သူတို့နှစ်ဦးကြား လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ အသင့်ရှိနေတယ်ဆိုတဲ့ သဘောမျိုး ကြေညာချက် ထုတ်ခဲ့တာ သူကြားမိကြောင်း၊ ဒါပေမဲ့ ယူကရိန်းဆီကနေ ဒီလို ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာ ပထမဆုံး အကြိမ်တော့ မဟုတ်ကြောင်းလည်း ပူတင်က ဆက်ပြောပါတယ်။

သူက ပြိုင်ဘက် အနောက်ဥရောပနဲ့လည်း လုံခြုံရေး အစီအမံတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းလိုကြောင်းနဲ့ သူအလိုလားဆုံး ဆွေးနွေးဖက်က ဂျာမနီ အဓိပတိဟောင်း ဂါးဟက်ဒ် ရှရိုးဒါးဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။ ရှရိုးဒါးဟာ ရုရှား အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး တချို့မှာ အလုပ်လုပ်ခဲ့ဖူးပြီး ပူတင်နဲ့လည်း ပုဂ္ဂိုလ်ရေး ရင်းနှီးသူ ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ အမေရိကန် အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ သုံးရက်ကြာ အပစ်အခတ် ရပ်စဲထားကြပါတယ်။ အမေရိကန်က ရုရှားနဲ့ ယူကရိန်းတို့ဟာ အဲဒီကာလအတွင်း သုံ့ပန်း ၁၀၀၀ စီကို အလဲအလှယ် လုပ်ကြလိမ့်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ပူတင်ကတော့ မေလ ၉ ရက်နေ့ထိ အခြေအနေအရ ယူကရိန်းဖက်က အဲဒီကိစ္စ ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ မှတ်ချက်ပေးသွားပါတယ်။

မော်စကိုမြို့ရဲ့ ရင်ပြင်နီမှာ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို အကြီးစား စစ်လက်နက်စနစ်တွေ၊ ယန္တရားတွေ မပါဝင်ဘဲ ကျင်းပခဲ့တာဟာ ဆယ်စုနှစ် ၂ ခုလောက်အတွင်း ပထမဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။