Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အရေးပေါ်စစ်ရှောင်၊ ပိတ်မိနေသူတွေရှိနေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

(ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေကြစဉ်။ ဓာတ်ပုံ - CTER)

မေ -၁၁၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်အခြေစိုက်စစ်တပ်က မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို မေလ ၇ ရက်ကစပြီး စစ်ဆင်ရေးလုပ်ဆောင်လာတာကြောင့် ဒေသခံ ရွာသူရွာသား ၁၀၀၀ကျော်ဟာ အရေးပေါ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မြေပြင်သတင်းပေးပို့ချက်များအရ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင်ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရသေးဘူးလို့ CTERက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ခံရတဲ့ နယ်မြေတွေကိုသွားနိုင်ဖို့ ကြိုးပမ်းနေပေမယ့် တချို့နေရာတွေကပိတ်မိနေဆဲဖြစ်ပြီး ဒေသခံတွေလည်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာတွေအတွင်း ပိတ်မိနေကာထွက်ပြေးတိမ်းရှောင်နိုင်တာ မရှိသေးဘူးလို့ ဖော်ပြပါတယ်။

“လောလောဆယ်တော့ စာရင်းအတိအကျယူထားတာတွေတော့ ရှိတယ်။ သွားရောက်ကူညီဖို့ကတော့ ချိတ်ဆက်နေတုန်းပါ”လို့ CTER တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ဖရူဆိုအရှေ့ခြမ်းက ကျေးရွာတွေအနီးမှာ တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံတွေရဲ့အသက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုပါတယ်။

“ဖရူဆို -ထားလဲလမ်းပိုင်း ပေါ်က ရွာတွေနား ကို စစ်ကြောင်းရောက်နေတာ။အရပ်သားတစ်ဦး သတ်ဖြတ်ခံရတယ်ကြားတယ်။အတည်ပြုဖို့ ကြိုးစားနေတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းအနီးက ဒေသခံတွေဟာ ဘေးကင်းမယ်လို့ ယူဆရတဲ့ တောတောင်တွေအတွင်း ယာယီခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း ခမရ(၅၃၁) နဲ့ ခမရ (၄၂၈) တပ်ရင်းတွေရှိပါတယ်။

လူဦးရေ လေးသိန်းဝန်းကျင်ရှိတဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံသုံးသိန်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့တွေရဲ့စာရင်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။