Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အရေးပေါ်စစ်ရှောင်၊ ပိတ်မိနေသူတွေရှိနေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

(ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေကြစဉ်။ ဓာတ်ပုံ - CTER)

မေ -၁၁၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်အခြေစိုက်စစ်တပ်က မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို မေလ ၇ ရက်ကစပြီး စစ်ဆင်ရေးလုပ်ဆောင်လာတာကြောင့် ဒေသခံ ရွာသူရွာသား ၁၀၀၀ကျော်ဟာ အရေးပေါ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မြေပြင်သတင်းပေးပို့ချက်များအရ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင်ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရသေးဘူးလို့ CTERက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ခံရတဲ့ နယ်မြေတွေကိုသွားနိုင်ဖို့ ကြိုးပမ်းနေပေမယ့် တချို့နေရာတွေကပိတ်မိနေဆဲဖြစ်ပြီး ဒေသခံတွေလည်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာတွေအတွင်း ပိတ်မိနေကာထွက်ပြေးတိမ်းရှောင်နိုင်တာ မရှိသေးဘူးလို့ ဖော်ပြပါတယ်။

“လောလောဆယ်တော့ စာရင်းအတိအကျယူထားတာတွေတော့ ရှိတယ်။ သွားရောက်ကူညီဖို့ကတော့ ချိတ်ဆက်နေတုန်းပါ”လို့ CTER တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ဖရူဆိုအရှေ့ခြမ်းက ကျေးရွာတွေအနီးမှာ တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံတွေရဲ့အသက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုပါတယ်။

“ဖရူဆို -ထားလဲလမ်းပိုင်း ပေါ်က ရွာတွေနား ကို စစ်ကြောင်းရောက်နေတာ။အရပ်သားတစ်ဦး သတ်ဖြတ်ခံရတယ်ကြားတယ်။အတည်ပြုဖို့ ကြိုးစားနေတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းအနီးက ဒေသခံတွေဟာ ဘေးကင်းမယ်လို့ ယူဆရတဲ့ တောတောင်တွေအတွင်း ယာယီခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း ခမရ(၅၃၁) နဲ့ ခမရ (၄၂၈) တပ်ရင်းတွေရှိပါတယ်။

လူဦးရေ လေးသိန်းဝန်းကျင်ရှိတဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံသုံးသိန်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့တွေရဲ့စာရင်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။