Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်၊ အစိုးရတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

မေ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ SECF အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကောင်စီဝင်များနဲ့ တာဝန်ရှိသူများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒု-ဝန်ကြီးချုပ်တို့နဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း အသိပေးထားပေမယ့် ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်တော့ ဖော်ပြမထားပါဘူး။

SCEF ဟာ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သာ အသိပေးထားတာဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို ညှိနှိုင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ SCEF ဖွဲ့စည်းကြောင်းကို မတ်လ ၃၀ရက်မှာ ကြေညာခဲ့တာပါ။ SCEF ကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် နဲ့ ဖွဲ့စည်းခဲ့တာလို့ အသိပေးထားပါတယ်။

SCEF စုဖွဲ့မှုမှာ ထပ်မံ ပါဝင်မှု မြှင့်မားလာရေး ညှိနှိုင်းမှုတွေ လုပ်သွားဖို့ရှိကြောင်း SCEF တာဝန်ရှိသူတွေက ယခင်ကတည်းက ပြောကြားထားပါတယ်။

SCEFမှာ အဖွဲ့ဝင်သစ်တွေ ထပ်တိုးလာခြင်းရှိမရှိ အခြေအနေတွေ မေးမြန်းဖို့ NUGနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ဖြေကြားချက်မရသေးပါဘူး။

SCEF ဖွဲ့စည်းလိုက်တာဟာ စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်ဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး