Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

(တိုက်ပွဲဖြစ်ပွား​နေစဥ်။ ။ဓါတ်ပုံ- 21Bagan- People Defense Force)

မေ -၁၆၊၂၀၂၆။ဖိုးသား/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အင်အား ၁၀၀ကျော်နဲ့ ညောင်ဦး-ငါ့သရောက်လမ်းပိုင်းကို နယ်မြေရှင်းလင်းဖို့ မေလ ၁၃ ရက်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲ ဖြစ်နေတာလို့ Earth Quake Peoples Defence Force တပ်က တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

လက်တလောမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ထားပြီး စစ်တပ်က ၄ဦးသေဆုံးကာ ထိခိုက်သူတွေလည်း ရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်စစ်ကြောင်းက ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာပဲ ရှိသေးတယ်။နယ်မြေရှင်းဖို့ လာတာလို့ပဲ လတ်တလော ခန့်မှန်းရတယ်။စစ်ဆိုင်ထားရတဲ့ အခြေအနေ ရှိတယ်”လို့ Earth Quake Peoples Defence Force တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ထံက ကျည်အနည်းငယ်နဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိတယ်လို့လည်း သူက ဆိုပါတယ်။

လက်တလောမှာ စစ်တပ်စစ်ကြောင်းဟာ ငါ့သရောက်မြို့အတွင်း ဝင်နေပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ညောင်ဦး ပကဖတာဝန်ရှိသူက ပြောပါတယ်။

21Bagan- People Defense Forceတပ်ကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားပြီး ပြည်သူတွေ အနေနဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေတွေကို သတိရှိဖို့ ထုတ်ပြန်ထားပါတယ်။

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းက စစ်တပ်စစ်ကြောင်းကို ပခုက္ကူခရိုင် Local တပ်ရင်း(PDLB)၊ 21Bagan- People Defense Force ၊ Good Brothers၊ ဒေါင်းရင်သွေးပြောက် ကျားတပ်ဖွဲ့-DYT၊Bagan Garuda Force နဲ့ Earthquake People’s Defense Force တို့ တားဆီးတိုက်ခိုက်နေပါတယ်။

စစ်တပ်က ညောင်ဦးမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာခြောက်ရွာထက်မနည်းမီးရှို့ခံထားရပြီး ဒေသခံ တစ်သောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းက ဆိပ်ဖြူ- ပခုက္ကူလမ်းပိုင်း ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။