Connect with us

Hi, what are you looking for?

သတင်း

တရုတ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၂၂ ဦးထိ မြင့်တက်လာ

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အဲဒီဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး နောက်ဆက်တွဲ ရေကြီးမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။ မေလ ၂၀ ရက်နေ့မှာတော့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၂၂ ဦးထိ အတည်ပြု စာရင်းရထားပြီး လူ ၂၀ ပျောက်ဆုံးနေဆဲလို့ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာတော့ နွေရာသီ ကာလတွေမှာ ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတု အခြေအနေတွေ ကြုံရခြင်းက ပုံမှန်လို့ ဆိုနိုင်ပါတယ်။ တချို့ဒေသတွေမှာ အခုလိုပဲ မိုးအလွန်အကျွံ ရွာနေပြီး တချို့ဒေသတွေမှာတော့ အစွမ်းကုန် ပူပြင်းတဲ့ နေဒဏ်ကို ခံကြရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအနှံ့ ဒေသတချို့မှာ ဒေသအလိုက် စံချိန်သစ်တင်တဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ရှိခဲ့ကြောင်း တရုတ် မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၉ ရက်နေ့တုန်းက နိုင်ငံတောင်ပိုင်း ကွမ့်ရှီးဒေသမှာ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ရေလျှံနေတဲ့ မြစ်ထဲ ထိုးကျသွားရာက လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ အနီးမှာရှိတဲ့ ကွမ့်ကျိုးမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့ ဆက်စပ်ပြီး အနည်းဆုံး ၄ ဦး အသက်ဆုံးရှုံးခဲ့သလို ၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံ အလယ်ပိုင်းက ဟူပေပြည်နယ်မှာလည်း သေဆုံးသူ ၃ ဦး စာရင်းရထားပြီး ၄ ဦး ပျောက်ဆုံးနေပါတယ်။ ရေကြီးမှုတွေကြောင့် လမ်းတံတားတွေပါ ပျက်စီးကုန်ပြီး တချို့ ကျေးလက်ဒေသတွေနဲ့ လုံးဝဥဿုံ အဆက်အသွယ် ပြတ်တောက်နေကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

အစိုးရက သဘာဝ ဘေးအန္တရာယ် သက်ရောက်ခံစားခဲ့ရတဲ့ ဒေသတွေဆီ အရေးပေါ် အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ယွမ်ငွေ သန်း ၁၂၀ စိုက်ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် အခြေအနေ အဆိုးဆုံး ကြုံထားတဲ့ ကွမ့်ကျိုးအတွက် သီးခြား ယွမ်ငွေ သန်း ၃၀ ပေးပို့ဖို့ စီစဉ်ထားပါတယ်။ ကွမ့်ကျိုး၊ ဟူနန်နဲ့ ဟူပေတို့မှာ ရေဘေးကြောက့် အနည်းဆုံး လူ ၂၄၀၀၀ လောက်ကိုလည်း ယာယီ ရွှေ့ပြောင်းပေးထားရပါတယ်။

တရုတ် မိုးလေဝသ ဌာနရဲ့ အဆိုအရ လက်ရှိ ရေဘေးသင့်နေတဲ့ ဒေသတော်တော်များများဟာ နောက်ထပ် ရက်ပိုင်းလောက် ကြာတဲ့ထိ မိုးဆက်ရွာမယ့် အခြေအနေနဲ့ ကြုံရနိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook