Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။

မေ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။

ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းထိုး​နေလို့ ပြည်သူတွေ ထွက်ပြေးလာခဲ့ရာ မြို့ပေါ်နဲ့ အခြားနေရာတွေမှာ နေထိုင်နေကြောင်း၊ အဲဒီလို နေထိုင်နေတဲ့ ပြည်သူတွေကို ယခု မေလ တတိယပတ်အတွင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်ပြီး ကျပ်သိန်းရာဂဏန်းအထိ တောင်းယူနေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မိသားစု နှစ်စုသုံးစုလောက် ငွေညှစ်ခံရတယ်။ ရပ်ကွက်အတိအကျ ပြောလို့မရဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီးမှ ရှောင်ကြဖို့ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထားပါတယ်။

ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။