Connect with us

Hi, what are you looking for?

သတင်း

“အညာက လက်ရေးဖိတ်စာ”

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

လက်ရေးဖိတ်စာအား တွေ့ရစဥ် ဓါတ်ပုံ-စိုးဝင်းဆွေ(HPD)

မေ-၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

စစ်ကိုင်းတိုင်းက “ဒီမိုကရေစီကူညီကြသူများကွန်ရက်”အဖွဲ့(HPD)ရဲ့ တည်ထောင်သူ ဦးစိုးဝင်းဆွေက ၎င်းရဲ့Facebook လူမှုကွန်ရက်မှာ လက်ရေးနဲ့ ရေးသားထားတဲ့ ဖိတ်စာတစ်ခု တင်ခဲ့ပါတယ်။

အဲဒီဖိတ်စာဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က အညာဒေသတနေရာမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ဖိတ်စာ ​တစ်စောင်ပါ။ ဖိတ်စာဟာ သာမန်မြင်နေကျ ပုံနှိပ်စက်မှာရိုက်နှိပ်ထားတဲ့ ဖိတ်စာမျိုး မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ဗလာစာရွက်လွတ်တစ်ရွက်ပေါ်မှာ နှစ်ဖက်မိဘနဲ့ သတို့သားသတို့သမီးနာမည်တွေ၊ ပွဲကျင်းပမယ့်နေ့ရက်နဲ့ နေရာတွေကို လက်ရေးနဲ့သာ ရေးသားဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

“မအလ ခေတ်မှာ အညာပြည်သူ​တွေဘယ်လောက်ရှားပါးပြတ်လပ်၊ ဆင်းရဲကြပ်တည်း သွားကြသလဲဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတောင် ဗလာစာရွက်ပေါ်ရေးပြီး ဝေရတဲ့ဘဝ ရောက်သွားပြီ။”လို့ ဦးစိုးဝင်းဆွေက ရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး လူလတ်တန်းစားတွေ ပျောက်ကွယ်လာလျက်ရှိကြောင်း၊ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုမှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး လူလတ်တန်းစားများ ပျောက်ကွယ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲအစည်းအဝေးမှာ ပြောကြားခဲ့ဖူးပါတယ်။

အထူးသဖြင့်အညာမှာ​တော့စစ်တပ်ကစစ်​ကြောင်း​တွေထိုးပြီးရွာ​တွေကို မီးရှို့ဖျက်ဆီးတာ၊ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်တာ​တွေလုပ်တဲ့အတွက် စစ်​ကြောင်း​​တွေလာရင်ပြည်သူ​တွေကထွက်​ပြေး​နေကြရပါတယ်။ရွာ​တွေမှာလူမရှိရင်လည်းစစ်တပ်က အိမ်​တွေကိုဖျက်ဆီးတာ၊အိမ်​​တွေကအဖိုးတန်ပစ္စည်း​တွေခိုးယူတာ​တွေလုပ်ပညတယ်။ နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း တစ်သိန်း​ကျော် စစ်တပ် ကမီးရှို့ဖျက်ဆီးခဲ့တာမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က မင်္ဂလာဆောင် တစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

ဆောင်းပါး

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

Facebook