Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းရန်ကြောင့် မော်စကိုရှိ အထပ်မြင့်တိုက်မှာ လေကြောင်းရန်လက်နက်တပ်ဆင်

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

မေ – ၂၉ ၊၂၀၂၆

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ ရုရှားဟာ Mi-26 ရဟတ်ယာဉ်တွေနဲ့ တွဲလောင်းဆွဲလာတဲ့ Pantsir-SMD-E လေကြောင်းကာကွယ်ရေး လက်နက်တွေကို အရပ်ဖက် အဆောက်အအုံ အမြင့်တွေပေါ်မှာ နေရာချနေတဲ့ ဗီဒီယို တစ်ခုလည်း ပျံ့နှံ့လာခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ပါဝင်တဲ့ အဆောက်အအုံဟာ မော်စကိုမြို့တော် အနောက်မြောက်ပိုင်းမှာရှိတဲ့ Nord Star ကုန်သွယ်ရေးစင်တာ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုခဲ့ပါတယ်။ လောလောဆယ် မော်စကိုမှာ ရာသီဥတု ကြည်ကြည်လင်လင် ရှိမနေတဲ့တိုင်အောင် ရုရှားဟာ အဲဒီ ဒရုန်းတန်ပြန်ရေးနဲ့ လေကြောင်းကာကွယ်ရေး စစ်လက်နက်တွေ ဖြန့်ကျက် နေရာချမှုကို အပူတပြင်း လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေး သုတေသီတွေက အဲဒီလို စစ်လက်နက် ဖြန့်ကျက်မှုမျိုးကို ရာသီဥတု ကြည်လင်တဲ့ အခြေအနေမျိုးမှာသာ လုပ်သင့်ကြောင်း၊ ရာသီဥတု ဆိုးရွားနေချိန်မှာ လုပ်ဆောင်တဲ့အခါ မတော်တဆ အလွဲအမှား ကြုံနိုင်ခြေနဲ့ အန္တရာယ် ရှိနိုင်ခြေ ပိုများကြောင်း ထောက်ပြကြပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန်မစောင့်နိုင်ဘဲ တက်သုတ်ရိုက် စီစဉ်နေတာကလည်း ရုရှားအတွက် အခြေအနေတွေက ဘယ်လောက် အရေးတကြီး ဖြစ်နေသလဲ ဆိုတာကို မြင်သာစေပါတယ်။

ရုရှားဟာ Pantsir-SMD-E မဟုတ်တဲ့ တခြားလေကြောင်းကာကွယ်ရေး လက်နက် စနစ်တွေကိုလည်း မော်စကိုက အထပ်မြင့်တိုက်တွေမှာ တပ်ဆင် နေရာချနေတယ်လို့ ယုံကြည်ရပါတယ်။ Pantsir-SMD-Eမှာ ဒုံးကျည်နှစ်မျိုး အသုံးပြုနိုင်ပြီး ပထမ အမျိုးအစားဟာ ကီလိုမီတာ ၂၀ လောက်ထိ ဝေးကွာပြီး ၁၅ ကီလိုမီတာ အမြင့်လောက်မှာ ရှိနေတဲ့ ပစ်မှတ်တွေကို ပစ်ချနိုင်စွမ်း ရှိပါတယ်။

နောက်တစ်မျိုးကတော့ ဒရုန်းတွေကို တန်ပြန်ဖို့ အဓိက ဖန်တီးထားပြီး ၇ ကီလိုမီတာလောက်အကွာ၊ အမြင့် ၅ ကီလိုမီတာလောက်မှာ ရှိနေတဲ့ ပစ်မှတ်တွေကို ချေမှုန်းနိုင်ပါတယ်။

Pantsir-SMD-Eကတော့ ပေါ့ပါးပြီး အဆောက်အအုံ အမိုးတွေမှာ တပ်ဆင်လို့ အဆင်ပြေလောက်အောင် ကျစ်လစ် သေးငယ်တာကြောင့်လည်း ရုရှားစစ်တပ်က မော်စကိုမှာ ဖြန့်ကျက်ဖို့ ရွေးချယ်ထားဟန် ရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းရဲ့ တာဝေး ပျံသန်းနိုင်တဲ့ ဒရုန်းတိုက်ခိုက်မှု စွမ်းရည်ဟာ သိသိသာသာ ပိုမို အားကောင်းလာဟန်ရှိပြီး မော်စကို မြို့တော် ပိုင်နက်ထဲက ပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်စွမ်း ရှိလာပါတယ်။ ဒီအခြေအနေက ရုရှား အစိုးရ အတွက်လည်း ခေါင်းခဲစရာ ဖြစ်လာပြီး အခုလိုမျိုး လေကြောင်း ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ဖို့ ကြိုးစားလာရတာပါ။

တခြားသတင်းတစ်ခုအရ ရုရှားဟာ အရပ်ဖက် စီးပွားရေး ကုမ္ပဏီကြီး တချို့ကိုလည်း ယူကရိန်း ဒရုန်းတွေရန်ကို ဟန့်တားနိုင်မယ့် လေကြောင်းပစ် ကာကွယ်ရေး စနစ်တွေ ရောင်းချပေးဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။

ကိုးကား- Defense Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook