Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်းဟောင်း ကဗျာဆရာ၊ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

ဇွန်-၂၊၂၀၂၆။ဆဏ်း/People’s Spring

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

“ကိုကြီးရာ ကိုကြီးပြောတော့ “မသေကြေး “ဆို။

ကျနော်အခုရေးနေတဲ့ဇာတ်ညွှန်းကိုဖတ်ပေးမယ်ဆို။ဒီနှစ်ထဲမှာ အဖေဆုံးတယ်။အခု ဦးလေးဆုံးတယ်။ ဘာလဲကွာမင်းအောင်လှိုင် မအေလိုးကြီးကြောင့်အဖေဆုံးတော့လည်း မတွေ့ရ။အခု ဦးလေးဆုံးတော့လည်း မဆုံရ။ဘယ်သူ့ကိုမှ မပြုစုရ။ကိုကြီးရေ ကောင်းရာသုဂတ်ိလားပါစေ” လို့ ဒါရိုက်တာကိုပေါက်ရဲ့ ‌‌ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့ (ဇွန် ၂)နံနက် ပိုင်းမှာ​ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကင်ဆာဆဲလ်တွေ ပြန့်နေတဲ့အကြောင်းကို ၂၀၂၅ ဇန်နဝါရီမှာသိခဲ့ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ရေးသားခဲ့ဖူးပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ပဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုထားကြပါတယ်။

“နောက်ဆုံးအချိန်အထိယုံကြည်ရာကို သစ္စာမဖောက်ခဲ့သူ။သိက္ခာကိုရိက္ခာနဲ့ မလဲခဲ့သူ။အေးချမ်းရာမှာ ငြိမ်းချမ်းပါစေ။ကြေကွဲဝမ်းနည်းစွာ”လို့ ၈၈ မျိုးဆက်​ခေါင်း​ဆောင်တဦးဖြစ်တဲ့မနီလာသိန်းက ဆုတောင်းပေးထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ ၊နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရားစွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်​မှာပဲ ဒါရိုက်တာမင်းထင်ကိုကိုကြီး က စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုထပ်မံခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ် နီးပါးထပ်မံကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက NLD အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

“အစ်ကို အိပ်မက်တွေရဲ့အလွန်ကိုထွက်သွားပြီပေါ့…။အမြဲတမ်းသတိရနေမှာပါ အစ်ကို။ကျနော်တို့ပြန်ဆုံမှာပါ။ဒီနေရာမှာတော့… မဟုတ်တော့ဘူးပေါ့” လို့နာမည်​​ကျော်သရုပ်​ဆောင်​ဒေါင်းကလည်း မင်းထင်ကိုကိုကြီး ကွယ်လွန်ခြင်းအ​ပေါ်ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။