Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စုံ/မစနစ် ပြန်ဖမ်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့တွင် ယာဥ်စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Cj)

ဇွန်-၃၊၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီကျပ်တည်းမှုကို အကြောင်းပြပြီး စစ်ကောင်စီဟာ ယာဥ်တွေကို မတ်လ ၇ ရက်ကစပြီး ယာဥ်နံပါတ်အလိုက်၊ ရက်အလိုက် စုံ/မစနစ်နဲ့ မောင်းနှင်ကြဖို့ ကန့်သတ်ခဲ့ပါတယ်။

အဲဒီလို ကန့်သတ်ပြီးနောက် စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ရာမှာ ​မေလအတွင်းမှာ ဖမ်း​ဆီးမှု လျော့နည်းခဲ့ပေမဲ့ ယခု ဇွန်လ ၁ ရက်နေ့ကစပြီး ပြန်လည်ဖမ်းဆီးလာကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးဆေးခန်းသွားတာပါဆိုတာကို ပြောမရဘူး။ ချလံဖြတ်ပြီး လိုင်စင်သိမ်းသွားတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ရာသီနဲ့ပါ တိုက်ဆိုင်ကာ ပြန်လည်ဖမ်းဆီးလာတာကြောင့် ကျောင်းကြိုကျောင်းပို့ လုပ်ရသူတွေ အခက်အခဲတွေ့နေကြောင်း မြို့ခံတွေက ပြောပါတယ်။

စုံမစနစ်ဟာ စက်သုံးဆီဝယ်ယူရာမှာလည်း အသုံးပြုနေပြီး ယခုရက်ပိုင်းအတွင်း ဆီတန်းစီသူတွေ ပြန်လည်များပြားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က အဆိုပါ “စုံ/မ စနစ်” ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မြေပြင်မှာ အမှန်တကယ် ဖျက်သိမ်းခြင်းမရှိဘဲ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်ဖို့အတွက် ဆက်လက်အသုံးပြုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook