Connect with us

Hi, what are you looking for?

သတင်း

ဆီဒိုးနားဟိုတယ်‌ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ‌ သေဆုံး

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

(ဆီဒိုးနားဟိုတယ်ပေါ်က ပြုတ်ကျသူရဲ့ ရုပ်အလောင်းကို စစ်တပ်လက်အောက်ခံ ရဲတွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း-ရန်ကုန်)

ဇွန်-၁၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

“ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မောယဝတီလမ်းတွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရသွားရောက်ကူညီခဲ့ရာ သေဆုံးသူ အမျိုးသားအား ရဲဆေးစာဖြင့် မိုးစေတနာပရဟိတအသင်းမှ စံပြဆေးရုံသို့ အခမဲ့ပို့ဆောင် ကူညီပေးခဲ့ပါသည်။”လို့ အခင်းဓာတ်ပုံတွေနဲ့အတူ မိုးစေတနာပရဟိတအသင်း-ရန်ကုန်က အသိပေးထားပါတယ်။

ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားလို့ သိရပါတယ်။ လှိုင်သာယာ နဝဒေးအိမ်ရာမှာ သူ့ကောင်မလေးက လမ်းခွဲမယ်ပြောလို့ စကားများရာကနေ သတ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ သေတမ်းစာလို ရေးခဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုတယ်ကိုရောက်လာတယ်။ 29 လွှာကို ကတ်ပြားရှိတဲ့လူနဲ့ရောလိုက်ခဲ့တယ်။ 29 လွှာ ရောက်တော့ ကော်ရစ်တာကနေ ဒိုင်ဗင်ထိုးချလိုက်တာ။ အောက်က Honda Airwave ပေါ်ကို ကျတယ်။ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်လို့ သိရပါတယ်။”လို့ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။

ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ ခုန်ချအဆုံးစီရင်တာ ဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စီဒိုးနားဟိုတယ်ရဲ့ ​ဖေစ်ဘွခ်စာမျက်နှာကို လူထု​နွေဦးက ဆက်သွယ်​မေးမြန်း​ပေမယ့် ပြန်လည်​ဖြေကြားခြင်းမရှိ​​သေးပါဘူး။

ဆက်စပ်သတင်းများ