နိုဝင်ဘာ-၁၇၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ ဝန်းသိုနဲ့ ကောလင်းမြို့ကထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ဒီကနေ့ ညနေပိုင်းမှာ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ကို ကောလင်းနဲ့ဝန်းသိုမြို့ဘက်ကလာတဲ့ စစ်ကြောင်း တစ်ကြောင်းနဲ့ ကိုးတောင်ဘို့ရွာဘက်က စစ်ကြောင်းတစ်ကြောင်း ထွက်ပြီး ကျေးရွာတွေကို မီးရှိူ့ နေတာလို့ သိရပါတယ်။
ကိုးတောင်ဘို့ကထွက်လာတဲ့ စစ်ကြောင်းဟာ ဒီကနေ့ သင်တောကျေးရွာကို ဝင်ရောက် မီးရှိူ့ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ကောလင်းမြို့ကထွက်လာတဲ့ စစ်ကြောင်းဟာ ဟင်သော်ကျေးရွာဘက်ကို ရောက်နေတယ်လို့ သိရပါတယ်။
“ဟင်သော်ကို ရောက်နေတဲ့ စစ်ကြောင်းက ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို ထိုးမယ်ထင်တယ်ဗျ။သင်တော ရောက် နေတဲ့ စစ်ကြောင်းထဲကတချို့က ချပ်သင်းကိုလည်း တချို့ဝင်တယ်လို့ကြားတယ်။ကန့်ဘလူမြို့ထဲကိုပြန်ဝင်မယ့်ပုံပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်တာရှိသလို စစ်တပ်ကလည်း ဒီနေ့ ညနေ ၃နာရီခွဲမှာ ကန့်ဘလူမြို့နယ်အရှေ့ မြောက်ခြမ်း၊ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို ၁၅ကြိမ်လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာရှိသလို လက်ရှိမှာလည်း ဒေသခံ ၁၅ဦးထပ်မနည်း ဓားစာခံ အဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေကပြောပါတယ်။


























































