Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား တိုက်လေယာဉ်တွေ လေပိုင်နက် ကျူးကျော်ခဲ့ကြောင်း ဂျပန် စွပ်စွဲ

နိုင်ငံရဲ့ လေပိုင်နက်ထဲကို ရုရှားစစ်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း ဂျပန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

နိုင်ငံရဲ့ လေပိုင်နက်ထဲကို ရုရှားစစ်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း ဂျပန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က ဂျပန် လေပိုင်နက်ထဲကို ရုရှား စစ်လေယာဉ်တွေလို့ ယူဆရတဲ့ လေယာဉ်နှစ်စီးက ကျူးကျော် ဝင်ရောက်ခဲ့တဲ့အတွက် ဂျပန် ပြည်စောင့်တပ် လေတပ် တိုက်လေယာဉ်တွေက ချက်ချင်း အရေးပေါ် တုံ့ပြန်ပြီး ပျံတက်ခဲ့ကြောင်း သိရပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုတွေ ထိန်းချုပ်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေက ဂျပန်နဲ့ ရုရှားကြားမှာ ဆယ်စုနှစ်တွေနဲ့ချီ တည်ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ဂျပန်ဂျာနယ်လစ် တစ်ယောက်ကို သူလျှိုမှုနဲ့ စွပ်စွဲပြီး ရုရှားက ဖမ်းဆီးခဲ့တာ၊ ဂျပန်ဆေးရွက်ကြီး ကုမ္ပဏီတစ်ခု ပိုင်ဆိုင်တဲ့ မြေနေရာတွေကို သိမ်းယူတာတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုမို တင်းမာနေပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းတုန်းက ရုရှားလေယာဉ်တွေလို့ ယုံကြည်ရတဲ့ လေယာဉ်နှစ်စီးဟာ အိုကီနိုရှီမားနဲ့ နီးကပ်တဲ့ ဂျပန် လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ဂျပန် အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ မီနိုရူ ခီဟာရာက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံလေပိုင်နက်ထဲ ၃ မိနစ်လောက်ကြာအောင် ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်တွေကို ချက်ချင်း ပြန်လည် ထွက်ခွာဖို့ ဂျပန် တိုက်လေယာဉ်တွေက သတိပေးခဲ့ရပါတယ်။

နိုင်ငံလေပိုင်နက်ထဲ ခွင့်ပြုချက်မရှိ ဝင်ရောက်တာဟာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်ရုံတင် မကဘဲ ဂျပန်ရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်မှု မြောက်ကြောင်း၊ ဒီကိစ္စဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ခီဟာရာက ပြောပါတယ်။

ဒီအတွက်လည်း ရုရှားအစိုးရဆီကို သံတမန်ရေးအရ အပြင်းအထန် ကန့်ကွက် အသိပေးခဲ့ပြီး နောက်တစ်ကြိမ် အလားတူ ကိစ္စတွေ ကြုံမလာအောင် ကြပ်မတ် ကိုင်တွယ်ဖို့ တောင်းဆိုထားကြောင်း သူက ဆိုပါတယ်။

ရုရှားလေယာဉ်တွေဟာ ဆူရှီးမား ရေလက်ကြားကို ဖြတ်ပြီး ယိုနာဂူနီကျွန်းနဲ့ ထိုင်ဝမ်နိုင်ငံကြားကနေ ပျံသန်းရင်း နောက်တော့ ပစိဖိတ် သမုဒ္ဒရာဖက် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဂျပန်ဆီက အခုထုတ်ပြန်ချက်ဟာ တောင်ကိုရီးယား လေတပ်ကလည်း ရုရှားစစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေခဲ့ရကြောင်း ကြေညာပြီး နာရီပိုင်း အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာတော့ အရေအတွက် အတိအကျ မသိရတဲ့ ရုရှား လေယာဉ်တွေဟာ တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်းကာကွယ်ရေးဇုန်ကို ဖြတ်ပျံခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း အဲဒီအခြေအနေမှာ တိုက်လေယာဉ်တွေကို ပျံတက်စေပြီး စောင့်ကြည့်ခဲ့ရပါတယ်။ ဂျပန် ကြုံတွေ့ခဲ့တဲ့ အခြေအနေနဲ့ ကွဲပြားတာကတော့ ရုရှားလေယာဉ်တွေဟာ တောင်ကိုရီးယား လေပိုင်နက်ထဲ မဝင်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook