Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို အမေရိကန် သုတ်သင်ခဲ့ကြောင်း ထရမ့်အတည်ပြု

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ တောင်ပိုင်း စစ်ရေးကွပ်ကဲမှုဌာန (Shothcom)ဟာ ထရန်ဒီ အာရာဂွာဂိုဏ်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံရှင်းလင်းတဲ့ စစ်ဆင်ရေး တစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ကြောင်း ထရမ့်က ဇွန်လ ၁၂ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။

တိကျပြီး ထိရောက်တဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း ဟက်တာ ရူသန်ဖို့ဒ် ဂွာရဲရိုး ဖလောရက်စ် သေဆုံးသွားခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ ဒေသတွင်းမှာတော့ အဲဒီ ဂိုဏ်းခေါင်းဆောင်ဟာ နီနို ဂွာရဲရိုးဆိုတဲ့ နာမည်နဲ့ ပိုပြီး လူသိများပါတယ်။

သူဦးဆောင်တဲ့ ထရန်ဒီ အာရာဂွာဂိုဏ်းကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီဂိုဏ်းဟာ အဖွဲ့သား ၇၀၀၀ လောက်နဲ့ စုဖွဲ့ထားပြီး လူသတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုစတဲ့ ဒုစရိုက် လုပ်ငန်းတွေအတွက် စွပ်စွဲခံထားရပါတယ်။ ပြီးတော့ ကာရေဘီယန်နဲ့ လက်တင်အမေရိက ဒေသတွင်း နိုင်ငံအများအပြားမှာလည်း အဖွဲ့ခွဲတွေ ဖြန့်ကျက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်ဖြစ်သူ သေဆုံးမှုဟာ ထရန်ဒီ အာရာဂွာ ဂိုဏ်းသားအားလုံးအတွက် လုံခြုံတဲ့နေရာ မရှိဘူးဆိုတဲ့ သတင်းစကားကို တိတိကျကျ ပေးပို့လိုက်ခြင်းလည်း ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ အဆောက်အအုံတစ်ခု ပေါက်ကွဲပြီး မီးလောင်သွားတဲ့ ဗီဒီယို တစ်ခုကိုလည်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ တင်ထားခဲ့ပါတယ်။ သူက ထရန်ဒီအာရာဂွာ ဂိုဏ်းဟာ အမေရိကန် နိုင်ငံသား လာကန်ရိုင်လီနဲ့ ဂျို့စ်လင်း နွန်ဂါရေးတို့ကို သတ်ဖြတ်ခဲ့တယ်လို့လည်း စွပ်စွဲပါတယ်။

ဒါ့အပြင် ထရမ့်က သူ့မတိုင်ခင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း ဝေဖန် ထိုးနှက်ခဲ့ပြီး ဘိုင်ဒန်ရဲ့ အစိုးရဟာ အဲဒီ နိုင်ငံခြား လက်နက်ကိုင်ဂိုဏ်းက အမေရိကန် ပြည်သူတွေအပေါ် သတ်ဖြတ်နေ၊ မုဒိမ်းကျင့်နေ၊ ရန်ပြုတိုက်ခိုက်နေတာတွေကို မျက်ကွယ်ပြုထားခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကလည်း ဗင်နီဇွဲလားမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအကြောင်းကို ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတုန်းက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ကြေညာခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွက် ဗင်နီဇွဲလား လုံခြုံရေး တပ်ဖွဲ့တွေက အမေရိကန်က အပြည့်အဝ ပူးပေါင်း ကူညီပေးခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

တိုက်ခိုက်မှုကို အခုသီတင်းပတ် အစောပိုင်းတုန်းက ဗင်နီဇွဲလားနိုင်ငံ တစ်နေရာမှာ ပြုလုပ်ခဲ့ပြီး ဖလောရက်စ် သေဆုံးသွားတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြောင်း ဟက်ဂ်ဆက်သ်က အတည်ပြုခဲ့ပါတယ်။

ဖလောရက်စ်ကို ဒီဇင်ဘာလတုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဖက်ဒရယ် တရားရုံးတစ်ခုမှာ အကြမ်းဖက် အားပေးမှု၊ တရားမဝင် ရာဇဝတ် လုပ်ငန်းတွေ လည်ပတ်မှုတွေ အပါအဝင် စွပ်စွဲချက် တော်တော်များများအတွက် မျက်ကွယ် တရားစွဲဆိုမှု လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဖလောရက်စ်အကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၅ သန်း ချီးမြှင့်မယ်လို့ ကြေညာထားခဲ့ပါတယ်။

မနှစ်က နွေရာသီမှာလည်း အမေရိကန် အစိုးရဟာ ဖလောရက်စ်နဲ့အတူ ထရန်ဒီအာရာဂွာ ဂိုဏ်းခေါင်းဆောင် ၅ ဦး၊ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးကို ပိတ်ဆို့ အရေးယူပြီး နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

ထရမ့်ဟာ အမေရိကန်မှာ ဒုတိယအကြိမ် သမ္မတ ဖြစ်လာတဲ့နောက် လက်တင် အမေရိက ဒေသ အခြေစိုက် ဒုစရိုက်ဂိုဏ်း တချို့ကို နိုင်ငံရပ်ခြား အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ပြီး ဖိဖိစီးစီး ပစ်မှတ်ထား နှိမ်နင်းမှုတွေ လုပ်ဆောင်လာပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။