Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဖွင့်ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှသူ ဖြစ်လာတဲ့ လီဆာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - X/@pinksview

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ ဆိုးဖိုင်း အားကစားကွင်းကြီးထဲမှာ လီဆာက သူ့ရဲ့ Goals သီချင်းကို မြူးမြူးကြွကြွ ဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဂုဏ်ပြု သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Goalsကို တင်ဆက်ရာမှာ လီဆာနဲ့အတူ ဘရာဇီး အဆိုတော် အနစ်တာ၊ နိုက်ဂျီးရီးယား အဆိုတော် ရမ်မာတို့ကပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အသက် ၂၉ နှစ်အရွယ် လီဆာဟာ ကမ္ဘာကျော် တောင်ကိုရီးယား အမျိုးသမီး KPop အဖွဲ့ Black Pinkနဲ့အတူ နိုင်ငံတကာ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် တောက်ပလာခဲ့သူပါ။ အရင်က ကမ္ဘာ့ဖလား ဖွင့်ပွဲ အစီအစဉ်တွေမှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေက အနုပညာရှင်တွေ ဖျော်ဖြေခွင့် ရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

Goalsဟာ အာဖရိကန် ဂီတ စည်းချက်တွေ၊ လက်တင် Popဂီတ အငွေ့အသက်တွေ၊ KPop ဂီတရဲ့ မြူးကြွမှုတွေကို ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ လီဆာ၊ အနစ်တာ၊ ရမ်မာတို့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုသူဟာ ပထမဆုံး ၁၂ နာရီအတွင်း သန်း ၅၀ ကျော်လွန်သွားခဲ့ပါတယ်။ ပြီးတော့ လီဆာရဲ့ တက်ကြွပြီး အင်အားအပြည့်နဲ့ ဖျော်ဖြေမှုအပေါ် ပရိသတ် အများအပြားက ချီးကျူးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း KPop အမျိုးသား ဂီတအဖွဲ့ BTSရဲ့ အဖွဲ့သား ဂျန်ဂွတ်ခ်က Dreamers သီချင်းကို ဖျော်ဖြေခွင့် ရခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ဖွင့်ပွဲရဲ့ အဓိက ဖျော်ဖြေမှု အစီအစဉ်တွေမှာ အာရှတိုက်သား တစ်ဦးရဲ့ ပထမဆုံး ပါဝင်ခွင့် ရရှိမှု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။