Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တံတားပေါ်က အပျော်တမ်း ခုန်ချတဲ့ မိန်းကလေးကို လုံခြုံရေးကြိုး ချည်မပေးလိုက်တဲ့ ဖြစ်စဉ်ကို ဘရာဇီး ရဲတပ်ဖွဲ့ စုံစမ်းနေ

ဘရာဇီးမှာ စွန့်စားမှု ခုံမင်သူတွေ အပျော်တမ်း ခုန်ချကြတဲ့ တံတားတစ်စင်းမှာ ဝန်ထမ်းတွေက လုံခြုံရေးကြိုး ချည်ဖို့ မေ့သွားလို့ အမျိုးသမီးငယ် တစ်ဦး ပြုတ်ကျ သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် ရဲတွေက စုံစမ်းနေပါတယ်။

ဘရာဇီးမှာ စွန့်စားမှု ခုံမင်သူတွေ အပျော်တမ်း ခုန်ချကြတဲ့ တံတားတစ်စင်းမှာ ဝန်ထမ်းတွေက လုံခြုံရေးကြိုး ချည်ဖို့ မေ့သွားလို့ အမျိုးသမီးငယ် တစ်ဦး ပြုတ်ကျ သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် ရဲတွေက စုံစမ်းနေပါတယ်။

ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးငယ်ဟာ ဆာအိုပေါ်လို ပြည်နယ်၊ လာမိုင်ရာ မြို့နားက စကယ်လီတန် တံတားရဲ့ အမြင့် မီတာ ၄၀ လောက်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဇွန်လ ၁၃ ရက်နေ့တုနး်က အမျိုးသမီးငယ်ကို ဝန်ထမ်းတွေက လုံခြုံရေးကြိုး မချည်ဘဲ တံတားပေါ်က ပစ်ချလိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပါတယ်။ ဗီဒီယိုထဲမှာတော့ ဝန်ထမ်းနှစ်ဦးဟာ တံတားအစွန်းထိ မိန်းကလေးကို ကိုင်မြှောက် ချီမသွားပြီး ပစ်ချလိုက်တာကို တွေ့ခဲ့ရပါတယ်။

ရပ်ကြည့်နေသူတွေထဲက တချို့က ကြိုးမတပ်ရသေးကြောင်း လှမ်းအော်ပြီး သတိပေးခဲ့ပေမယ့် အရမ်းနောက်ကျသွားခဲ့ပါတယ်။ လုံခြုံရေးကြိုး တပ်ဆင်မထားတဲ့ မိန်းကလေးဟာ အဆီးအတား မရှိဘဲ တံတားအောက်ကို တရှိန်ထိုး ပြုတ်ကျသွားပြီး သေဆုံးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အခင်းဖြစ်ချိန်တုန်းက လုံခြုံရေး ကိရိယာတွေကို သတ်မှတ်ထားတဲ့အတိုင်း တပ်ဆင်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ မိန်းကလေးဟာ ပြုတ်ကျမှုမှာ အသက်မရှင်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

ဗီဒီယိုထဲမှာ တွေ့ခဲ့ရတဲ့ ဝန်ထမ်း ၃ ဦးကိုတော့ လူသေနိုင်လောက်တဲ့ အန္တရာယ် ရှိမှန်း သိလျက်နဲ့ ပေါ့ပေါ့ဆဆ လုပ်ဆောင်ခဲ့မှုအတွက် ရဲတွေက ဖမ်းဆီးထားပါတယ်။ ဖြစ်စဉ်ရဲ့ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ ရဲတွေက ဆိုပါတယ်။

ဘရာဇီး မီဒီယာတွေကတော့ သေဆုံးသူ မိန်းကလေးရဲ့ နာမည်ကို မာရီယာ အက်ဒွာဒါ ရိုဒရီဂတ်တစ် ဒီ ဖရိုင်းတက်စ်လို့ ဖော်ပြခဲ့ပါတယ်။

သူဟာ မသေခင်လေးမှာတင် တံတားကို ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Instagramမှာ တင်ခဲ့ပြီး တံတားပေါ်ကနေ သူ့ကို ခုန်ချဖို့ ခွင့်ပြုလောက်အောင် ရူးတဲ့သူက ဘယ်သူလဲဆိုပြီး ရေးသားထားပါတယ်။

အဲဒီတံတားမှာ လုံခြုံရေးကြိုး ချည်ပြီး ခုန်ချကြတာဟာ စွန့်စားမှုကို ခုံမင်တဲ့ ဧည့်သည်တွေကြားမှာ အထူးရေပန်းစားတဲ့ အားကစားနည်း တစ်ခုဖြစ်ပါတယ်။ Entre Cordasဆိုတဲ့ ကုမ္ပဏီက စီစဉ်ပေးတဲ့ အဲဒီလို အပျော်တမ်း ခုန်ချမှုတွေမှာ အရမ်း ခိုင်မာပြီး လုံးပတ်ကြီးမားတဲ့ လုံခြုံရေး ကြိုးတွေကို အသုံးပြုလေ့ရှိကြောင်း အရင် ခုန်ချသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ သိရပါတယ်။

Rope jumpingလို့ခေါ်တဲ့ အခုနည်းဟာ လူသိများတဲ့ Bungee jumpingနဲ့ မတူပါဘူး။ Bungee jumpingမှာ ကြုံ့နိုင်ဆန့်နိုင်စွမ်း ကောင်းတဲ့ ရာဘာကြိုးကို သုံးတာကြောင့် ခုန်ချသွားသူဟာ ကြိုးဆုံးသွားတဲ့အခါ အထက်ကို ပြန်ကန်ပြီး တက်လာပါတယ်။ Rope jumpingကတော့ သမားရိုးကျ ကြိုးကိုပဲ အသုံးပြုတာကြောင့် ခုန်ချပြီးတဲ့အခါ အောက်ခြေမှာ ရှေ့နောက် ယိမ်းခါနေမှာ ဖြစ်ပါတယ်။

Rope jumping အားကစားနည်းကို တီထွင်ခဲ့သူ အမေရိကန်သား လူစွန့်စား တောင်တက်သမား ဒန်အော့စ်မွန်ဟာ ၁၉၉၈ ခုနှစ်တုန်းက အမြင့်ကနေ ခုန်ချရင်း လုံခြုံရေးကြိုးမှာ ပြဿနာ ပေါ်ပြီး ပြုတ်ကျ သေဆုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က တိုးမြှင့်စည်းကြပ်မယ့် ပို့ကုန်အခွန် နှုန်းထားတွေအတိုင်း ဘရာဇီးက တူတူညီညီ တုံ့ပြန် စည်းကြပ်သွားမယ်လို့ သမ္မတ လူးဝစ်ဇ် အင်နာရှို ဒါဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကို ဗုံးခွဲမယ့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ဘရာဇီး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။