ဇွန် -၁၅၊၂၀၂၆။ဖိုးသား/People’s Spring
ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ပို့ခံရတဲ့ ခလရ(၂၃၅)တပ်ရင်း တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးတွေလုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးက ဖွင့်ဟပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)တပ်ရင်းက စစ်မှုထမ်းတပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူ တို့ဟာ COBRA ONE Pakokku တပ်ထံ ဇွန်လ ၁၄ ရက်က အလင်း၀င်လာခဲ့တာဖြစ်ပါတယ်။
“ဒီရက်ပိုင်း ရခိုင်ကိုပို့မှာရှိသလို။တပ်တွင်းထဲမှာ ခလရ(၂၃၅)ထဲမှာ ရက်လည်တောင်မပြီးသေးဘူး။နောက်တယောက်က တိုက်ပွဲကြတယ်။Dead Body က ပြန်မရဘူး။အ၀တ်အစားလေးတွေပဲ ဖြန့်ပြီး နာရေးလုပ်ကတယ်။အဲဒီလိုပဲ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေကျနေတယ်”လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီထိုးစစ်ဆင်နေတာရှိသလို ဆောမြို့နယ်ကတဆင့် ချင်း-ရခိုင်ဆက်သွယ်ရေးလမ်းပိုင်းကို ဖြတ်တောက်ဖို့ စစ်ကြောင်းထိုးနေပါတယ်။
စစ်တပ်က တပ်သားသစ်တွေကို ရှေ့တန်းမပို့မီ မူးယစ်ဆေးဝါးအလွယ်တကူသုံးခွင့်ရဖို့ တပ်တွင်း ဖြန့်ဝေမှုတွေရှိတယ်လို့လည်း တပ်မ(၁၀၁)က ထွက်ပြေးလာသူတွေက ထွက်ဆိုပါတယ်။
“မေလ ၂၃ ရက်က ထွက်ပြေးလာတဲ့ ခလရ ၂၅၂ ရော အခု ၂၃၅ က တပ်သားတွေ ပြောတာကတော့ တပ်တွင်းမှာ မူးယစ်ဆေးဝါးဖြန့်တာတွေရှိတယ်”လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက ပြောပါတယ်။
စစ်တပ်က တပ်အင်အားပြုန်းတီးမှုတွေကြောင့် ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး အတင်းအကြပ်သင်တန်းပေးပြီးရှေ့တန်းလွှတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာလုပ်ကိုင်နေထိုင်ကြဖို့လည်း သတိပေးပါတယ်။
“အခုနှစ်ယောက်မှာ တစ်ယောက်က အလုပ်ကအပြန်အဆွဲခံရတာ။ဟသ်ာတမြို့က။ပစ ကတော့ အပတ်စဉ် ၂၃။ အိမ်ထဲမှာ အဆွဲခံရတာ။သူက ပဲခူးမြို့က ။တိုက်ရိုက်ချိတ်ဆက်ပြီး ကျွန်တော်တို့ဆီ၀င်လာတာ”လို့ COBRA ONE Pakokku တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ်(၂၅)အထိ ရောက်နေပြီဖြစ်ပါတယ်။


















































