Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာအလုပ်လုပ်ခွင့်ပါမစ်ရှိရင်တောင်နိုင်ငံခြားသားတွေလုပ်ခွင့်မရှိတဲ့ အလုပ်အကိုင် ၁၀ မျိုး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

ဓာတ်ပုံ - The Nation

ဇွန် – ၁၅ ၊၂၀၂၆

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

တစ်နည်းအားဖြင့်အဲဒီအလုပ်တွေဟာထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ချန်ထားတဲ့ သဘောပါ။

ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Nationက ထိုင်းရောက် နိုင်ငံခြားသား အများအပြားဟာ ပတ်စ်ပို့တ်၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ တခြား တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ ရှိနေပြီဆိုရင် ကြိုက်တဲ့အလုပ် လုပ်လို့ရတယ်လို့ မှားယွင်း ယူဆတတ်ကြကြောင်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့အဲဒီအတွေးဟာမမှန်ကန်ကြောင်း၊ ထိုင်းအလုပ်သမား ဝန်ကြီးဌာနဟာ နိုင်ငံခြားသားတွေအပေါ် ကန့်သတ်ထားတဲ့ အလုပ်အမျိုးအစားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ စည်းမျဉ်းတွေ သတ်မှတ်ထားကြောင်း The Nationက ဆိုပါတယ်။

ထိုင်းနိုင်ငံသားတွေပဲလုပ်ကိုင်ခွင့်ရှိပြီးနိုင်ငံခြားသားတွေအတွက်လုပ်ကိုင်ခွင့် မပြုတဲ့ အလုပ် ၁၀ မျိုးကိုလည်း ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒါတွေကတော့

၁။လမ်းဘေးမှာ တွန်းလှည်းတွေ၊ ယာယီတဲတွေထိုးပြီး ကုန်ပစ္စည်းတွေ၊ ထီလက်မှတ်တွေ ရောင်းချတာ

၂။ ပွဲစားတွေ၊ အေးဂျင့်တွေအဖြစ် အသက်မွေးတာ (နိုင်ငံတကာ ကုန်သွယ်ရေး အေးဂျင့်တွေကိုတော့ ခွင့်ပြုထားပါတယ်)

၃ ။ ဆံပင်နဲ့ လက်သည်း အပါအဝင် အလှအပ ပြုပြင်ရေး လုပ်ငန်းတွေ

၄ ။ ထိုင်းရိုးရာ အနှိပ်နဲ့ spa ဝန်ဆောင်မှုတွေ

၅ ။တက္ကစီ၊ သုံးဘီး၊ ဘတ်စ်ကားစတဲ့ စီးပွားဖြစ် ယာဉ်တွေကို မောင်းနှင်တဲ့ ယာဉ်မောင်းအလုပ်

၆ ။ခရီးသွားလမ်းညွှန် အလုပ်

၇ ။ဥပဒေရေးရာ ဝန်ဆောင်မှုတွေ

၈ ။လက်ရက်ထည်နဲ့ ရက္ကန်းလုပ်ငန်းတွေ

၉ ။ရွှေထည်၊ ငွေထည် ပန်းထိမ်လုပ်ငန်း၊ သစ်ထွင်းပန်းပုလုပ်ငန်းနဲ့ ကျောက်ဆစ် လက်မှုပညာ လုပ်ငန်းတွေ

၁၀။လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတွေ

သတ်မှတ်ချက်တွေကို ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ ဘတ် ငါးသောင်းအထိ ဒဏ်ငွေ၊ ထိုင်းနိုင်ငံကနေ နှင်ထုတ်ခံရမှု စတဲ့ ပြစ်ဒဏ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် အလုပ်လုပ်ခွင့် ဗီဇာ နှစ် နှစ် တားမြစ်ခံရမှာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေမှာနိုင်ငံခြားသားတွေကိုငှားရမ်းခန့်အပ်တဲ့ထိုင်းအလုပ် ရှင်တွေကလည်းဘတ်တစ်သိန်းထိဒဏ်ငွေမျိုးကျခံရနိုင်ပြီးထပ်တလဲလဲ ကျူးလွန်ရင်တော့ထောင်ဒဏ်နဲ့ပါရင်ဆိုင်ရနိုင်ကြောင်းလည်းသိရပါတယ်။

ကိုးကား – The Nation

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။