Connect with us

Hi, what are you looking for?

သတင်း

နှင်းဆီလှုပ်ရှားမှုကို လုံခြုံရေး သတိပြုဖို့ GSCB ထပ်မံသတိပေး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

ဇွန်-၁၈၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

“အကြမ်းဖက်စစ်တပ်သည် နှင်းဆီပန်းများ ရောင်းချခြင်း ၊ ပန်ဆင်ခြင်း ၊ ကိုင်ဆောင်ခြင်းတို့ကိုပင် ပြင်းပြင်းထန်ထန် ဖျက်ဆီး အရေးယူရန် ပြင်ဆင်လျက်ရှိပါသည်။ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် ညဏ်နှင့်ယှဥ်၍ မိမိတို့ ဒေသအလိုက် လုံခြုံဘေးကင်းမှု အပြည့်အဝ ရှိသည့် နည်းလမ်းများဖြင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။” လို့ GSCB က သတိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ လူမှုကွန်ရက်တွေမှာ မတင်ဖို့ကိုလည်း ထပ်မံသတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“မနက်ဖြန် နှင်းဆီ အနီရောင်တွေ မရောင်းရဲဘူးလို့ ပန်းဆိုင်တွေကပြောတယ်။” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်‌တပ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေမှာ နှင်းဆီပန်း ပန်သူတွေ၊ ကိုင်ဆောင်သူတွေ နဲ့ ရောင်းချသူတွေကိုပါဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ အရင်နှစ်တွေကလည်းဖြစ်ခဲ့ဖူးပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ နှင်းဆီလှုပ်ရှားမှု မှာ နှင်းဆီပန်းတစ်ခုတည်းမဟုတ်ပဲ ဘယ်ပန်းအမျိုးအစားနဲ့ ဖြစ်ဖြစ် ပန်ဆင်တာ ၊ ဝေငှတာတွေလုပ်ဖို့ အသိပေးထားပါတယ်။

စစ်တပ်ထိန်းချုပ်ခံဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ ကိုယ့်အကောင့်မှာတင်တာမျိုးမလုပ်ပဲ People Movement Platform – Myanmar နဲ့ General Strike Coordination Body – GSCB တို့ဆီကို ပေးပို့ပေးလို့ ရတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်ကသမ္မတ ၊ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့တော်လှန်‌ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 251

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...