Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ GSCB လှုံ့ဆော်

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

(တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒေါနစစ်ကြောင်း ရဲဘော်များ၏ အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

ဇူလိုင်-၁၄၊၂၀၂၆။သုည/People’s Spring

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

ဇူလိုင် ၁၉ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့နဲ့ အလေးပြုပေးကြဖို့၊ အနက်ရောင် အဝတ်အစား၊ ဖဲကြိုး၊ ဦးထုတ်တွေ ဝတ်ဆင်ကာ ဝမ်းနည်းခြင်းနဲ့ ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို “အနက်ရောင်လှုပ်ရှားမှု (Black Movement)” နဲ့ ဖော်ပြပေးကြဖို့နဲ့ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်တွေရဲ့ ဂူဗိမာန်တွေဆီသို့ ချီတက်ပြီး အာဇာနည်တို့ရဲ့ သမိုင်းကို အစဉ်အမှတ်ရနေကြောင်း သက်သေပြဖို့ GSCB က လှုံ့ဆော်ခဲ့ပါတယ်။

ယင်းလူထုလှုပ်ရှားမှုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့၊ အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းဖို့၊ မြန်မာပြည်ရဲ့ သမ္မတဟာ ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြတဲ့ တောင်းဆိုမှုလို့ GSCB က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စစ်အုပ်စု အနေနဲ့ ရုပ်တုတွေကိုသာ ဖြိုဖျက်နိုင်ပေမယ့် အာဇာနည်တွေရဲ့ လက်ဆင့်ကမ်းလာခဲ့တဲ့ သမိုင်းဝိဥာဥ်နဲ့ လွတ်လပ်လိုစိတ်တွေကိုတော့ ဘယ်အမိန့်အာဏာနဲ့မှ ဖျက်ဆီး ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူထုအနေနဲ့ စစ်တပ်ရဲ့ အန္တရာယ်ကို သတိထားပြီး ကိုယ်တတ်နိုင်တဲ့ နည်းလမ်းမှာ အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ မြို့ပြသပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။