Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့မှာ စစ်တပ်က လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေ ဖျက်ခိုင်းထား

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်၁၉၊၂၀၂၆၊ကတ်သရင်း၊People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး- ပြည်-ရန်ကုန်လမ်း နယ်နိမိတ်မှာပါဝင်တယ်ဆိုပြီး လမ်းလယ်ကနေ ဘေးနှစ်ဖက် ၇၅ပေစီ ဖျက်သိမ်းရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖျက်သိမ်းတဲ့အထဲပါတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေဟာ တံတားဦးမြို့အဝင် BOC ဆီဆိုင်ကနေ မြို့လယ်ခေါင်မီးပွိုင့်အထိ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်ခြေက တော့များတယ်။လမ်းက ပေ ၁၅၀ရှိတယ်လို့ ပြောတယ်။Highway လမ်းမကြီးထဲပါတာတဲ့။မြို့လယ်က အတန်းလိုက်ကြီး ဖျက်ရမှာ။အခုထိတော့ အိမ်တွေက မဖျက်သေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လမ်းဦးစီးဌာနကတော့ မေလ၂၅ရက် နေ့ရက်စွဲနဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်း တွေကို ၃၀ ရက်နောက်ဆုံးထားဖျက်ခိုင်းထားပြီး မဖျက်ရင်လမ်းမကြီးဥပဒေနဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလမ်းဟာ တံတားဦးကနေ မြို့သာ- မြင်းခြံလမ်းပိုင်းလည်းဖြစ်ပြီး နွားထိုးကြီး၊ငါန်းဇွန် ၊မြင်းခြံလမ်းပိုင်းအတွက် စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook