Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ရဲဘော် ၁ဦး တပ်ဖွဲ့ပိုင်ပစ္စည်းတွေယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၂၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က Monywa Nightking တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောင်ကြီး(ခ)ဆန်းမင်းထွဋ်ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့ ဇွန် ၂၂ ရက်မှာ အသိပေးပါတယ်။

ထောင်ကြီးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို စစ်တပ်ကို သတင်းပေးပြီး ကျပ်သိန်း ၃၀ ရယူခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်၊ ရဲမေတွေကိုလည်း စစ်တပ်နဲ့ ပူးပေါင်းဖို့ စည်းရုံးတာ၊ စစ်တပ်ကို လမ်းပြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ Monywa Nightking တပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“သူက ဒီလဒုတိယပတ်ထဲမှာ စစ်တပ်နဲ့ ပူးပေါင်းသွားတာပါ။ ဘာကြောင့် ပူးပေါင်းသွားတယ်ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ လောလောဆယ်တော့ သူစည်းရုံးလို့ပါသွားတဲ့သူတော့ မရှိသေးပါဘူး”လို့ Monywa Nightking တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

၎င်းအား တော်လှန်ရေးသစ္စာဖောက်အဖြစ် ထုတ်ပြန်လိုက်ပြီး ၎င်းကို တွေ့ပါ​က အကြောင်းကြားဖို့နဲ့ သူနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ကူညီပေးနေသူတွေကိုပါ အရေးယူမယ်လို့ Monywa Nightking တပ်ဖွဲ့က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အတွင်းကလည်း မုံရွာမြို့နယ်က Eagle PDF တပ်ဖွဲ့က ခေါင်းဆောင်ဖြစ်သူ ကိုလင်းယုန် လုပ်ကြံခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook