Connect with us

Hi, what are you looking for?

သတင်း

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲစစ်တပ်ကလက်နက်ချ၊အလင်းဝင်သူတွေဆက်တိုက်ရှိ​​နေ

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

(၂၀၂၅ မေလအတွင်း ကျောက်ဖြူတိုက်ပွဲမှာ AAဖမ်းဆီးခဲ့တဲ့ စစ်တပ်ကဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်။ဓါတ်ပုံ-ပေးပို့ )

ဇွန်-၂၂၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးလာတဲ့ အာဏာ သိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်နေတာကြောင့် စစ်တပ်ဘက်က အ ထိနာ အကျအဆုံးများပြီး နောက်ပြန်ဆုတ်နေရကာ လက်နက်ချသူတွေပါ ရှိလာတာပါ။

“ဒီဘက်စစ်မျက်နှာမှာစစ်တပ်ကပစ(ပြည်သူ့စစ်)တွေ အသုံးများတယ်။ အလင်းဝင်တာမှာလည်း အားလုံးနီးပါးက ပစတွေပါ။ ဒီတပတ်အတွင်းလောက်မှာ တဆယ်လောက်ရှိတယ် အလင်းဝင်လာတာ။ ရှေ့တန်းရှေ့ဆုံးထိကို ပို့ တော့ ကြောက်ပြီး ပြေးကြတာ ပစတွေ” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို အလင်းဝင်သူတွေရှိလာသလို အခုရက်ပိုင်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံးတွေလည်းများနေတယ်လို့ဆိုပါတယ်။ တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ဆီ ထိုးဖောက်သိမ်းပိုက်ဖို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှေ့မရောက်ဘဲ အ၀တောင်ကျေးရွာအနီး ရပ်တန့်နေကာ အထိ နာနေတာဖြစ်ပါတယ်။

AA ဟာ တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့ထွက်ကာကင်းစစ်ကြောင်း ငါးခု ထက်မနည်းကို ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်ရှိ လက်ကျန်ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းရှိတယ်။ တရက်လုံးပြင်းပြင်းထန်ထန်မဟုတ်ပေမယ့် ကိုယ့်ဘက်က အခြေအနေကောင်း ရင် ကောင်းသလို ဝင်ချတာရှိတယ်။ စနိုက်ပါနဲ့၊ ဒရုန်းနဲ့တိုက်လို့ အထိအခိုက်လည်း များတယ်” လို့ ကျောက်ဖြူ ဒေ သခံ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို တောင်မော်ဦးရေတပ်စခန်းရဲ့ အဓိကကာကင်းစခန်း အ၀တောင်ကျေးရွာအနီးမှာ အထိနာနေတဲ့ အာဏာ သိမ်းစစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကို လက်နက်၊ အင်အားဖြည့်တင်းတာလည်း ရှိနေပြီး အခုဇွန်လ တတိ ယပတ်ထဲမှာ အင်အားနှစ်ရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောထား ကြပါတယ်။

“အင်အားကတော့ တောက်လျှောက်ဖြည့်တယ်။ တောင်မော်ဦးနားမှာ တိုက်ပွဲပြင်းနေလို့ တခြားဘက်မှာတောင် ဒီကောင်တွေ ထိုးစစ်တွေ မလုပ်နိုင်ဘူး။ မင်းပြင်တို့၊ ရဲတပ်ရင်းတို့ဘက်မှာလည်း တိုက်ပွဲငြိမ်နေတယ်” လို့ ကျောက် ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံစနဲမြို့ဆီအင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ထိုး စစ်ဆင်ချည်းကပ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းကတော့ အာဏာသိမ်းစစ်တပ်ဟာ စနဲမြို့အနီးထိ ရောက်ခဲ့ပြီး AA ကတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ရွာနားထိ နောက်ပြန်ဆုတ်ခဲ့ရကာ အဲဒီကနေ ရှေ့မ တိုးနိုင်ဖြစ်နေတာပါ။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းကစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။