Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို မြိုင်မှာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေပစ်ချ

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway – PDF)ကထုတ်ပြန်ပါတယ်။

(စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီး။ ပုံအ​ဟောင်းဖြစ်ပါတယ်)

ဇွန်-၂၃၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway – PDF)ကထုတ်ပြန်ပါတယ်။

​တော်လှန်​ရေးအင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တာလို့​ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့​ဖော်ပြထားပါတယ်။

ပြည်သူ​တွေ နဲ့ ရဲဘော်​တွေ အ​နေနဲ့ စစ်တပ် လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့လည်းမ​ကွေး PDF ကတိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်က “Congratulations ပါ၈/ သူရဲကောင်းအပေါင်းတို့” လို့ လူမှုကွန်ရက်မှာရေးသား ဂုဏ်ပြုထားပါတယ်။

မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာလို့PDF တဦးက​ပြောပါတယ်။

ဒေသတွင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက”မှန်တယ်။ အဲဒီကိစ္စသိတယ်။ Mi 17 ပစ်ချနိုင်ခဲ့တာဟုတ်တယ်။ အသေးစိတ်လုပ်စရာရှိတာဆက်လုပ်နေကြတယ်” လို့ ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းကို People’s Spring အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးတပ်​တွေကခုခံ​တော်လှန်စစ်အတွင်း စစ်တပ်တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်​တွေကိုပစ်ချနိုင်ခဲ့တာ အနည်းဆုံး ၁၃ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ် ​​လေယာဥ် ၊ရဟတ်ယာဥ်​တွေပျက်ကျတာ ၊ချို့ယွင်းတာအစီး​ရေး ဆယ်စီးဝန်းကျင်ရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။