ဇွန်-၂၃၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ သယ်ယူပို့ ဆောင် ရေးယာဉ် Mi-17ကိုတော်လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်းတော်လှန်ရေး တပ်တွေကပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ ပျူစောထီးရွာ တွေကိုတော်လှန်ရေးတပ်တွေသိမ်းယူခဲ့ပြီးတဲ့နောက် စက်မှု( ၂)ထဲကို စစ်တပ်က ရဟတ်ယာဉ်နဲ့ မေလ၂၅ရက် နေ့က အင်အား အများအပြားပို့ ဆောင်ခဲ့တယ်လို့စုံစမ်း သိရပါတယ်။
အင်အားဖြည့်ထားတဲ့စစ်သားတွေကို တွင်းမ ပျူရွာဘက်ကို လည်းပို့ခဲ့ပြီး ဇွန် ၂၃ ရက်မှာ Mi-17နဲ့ အဲဒီစစ်သားတွေကို ပြန်လာခေါ်တာလို့ စုံစမ်းသိရပါတယ်။ တော်လှန်ရေး တပ်တွေကသတင်းကြိုတင်ရထားပါတယ်။စစ်တပ်ရဟတ်ယာဥ်က စက်မှု၂ကစစ်သားတွေ ကို ခေါ်ပြီး တွင်းမပျူစေထီးရွာက စစ်သားတွေကိုဝင်ခေါ်ချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုစတင်ခဲ့တာလို့ သတင်းရရှိပါတယ်။

Public Service Announcement
“Mi-17 ပြန်တက်တဲ့ အချိန်မှာလည်း FPV(အသေခံဒရုန်း)တွေနဲ့ ဝင်အောင်းလိုက်တယ်”လို့တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်တပ်ဘက်က အရာရှိအပါအဝင် သေဆုံးဒဏ်ရာရသူ ၂၀ ခန့်ရှိနိုင်တယ်လို့တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။သေဆုံးတဲ့ စစ်တပ်ဗျူဟာမှူးရဲ့ အလောင်းပုံတွေပါရထားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူခန့်မှန်း၂၀ လောက်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုအရေအတွက်ကို People’s Spring အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရဟတ်ယာဥ်ကိုဒရုန်းနဲ့တိုက်ခိုက်ဖို့ ချဥ်းကပ်လာချိန်မှာ ရဟတ်ယာဥ်ပေါ်နဲ့ ရဟတ်ယာဥ်နားကစစ်သား ၁၀ ဦးကျော်ထွက်ပြေးကြတာကိုလည်း ပကဖ အသံထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းမှာမြင်တွေ့ရပါတယ်။ဒါပေမယ့်ရဟတ်ယာဥ်ပေါ်မှာစစ်သားဘယ်လောက်ကျန်သေးတယ်ဆိုတာကိုတော့မသိရပါဘူး။
မကွေးPDFထုတ်ပြန်တဲ့ ဒရုန်းတိုက်ခိုက်မှုရသံမှာ ရဟတ်ယာဥ် အနီးစစ်သားတဦးရှိနေချိန် အသေခံဒရုန်းကဝင်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ရဟတ်ယာဥ်အတွင်းပိုင်းကိုယ်ထည်အတွင်းကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပြီး မီးတောက်နဲ့ မီးခိုးလှုံးကြီးထွက်လာတာကိုလည်း ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။
လက်ရှိမှာအဲဒီနေရာပတ်ပတ်လည်ကိုစစ်တပ်က ဇွန် ၂၃ ရက်ညနေ၆နာရီဝန်းကျင်မှာ Y-12 နဲ့ ဗုံးပတ်ကြဲ နေတယ်လို့ သတင်းရရှိပါတယ်။
အဲဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် (၄ )တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊ အညာဖိုက်တာ Local တပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံကရုပ်သံမှတ်တမ်းနဲ့တကွသတင်းထုတ်ပြန်ပါတယ်။
ရုပ်သံ-မကွေးPDF


















































