Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့ပေါ်ကို စစ်တပ် ဗုံးကြဲ၊ ထိခိုက်သူအချို့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဇွန်-၂၄၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၁ နာရီကျော်အချိန်မှာ မောင်တောမြို့ပေါ် နတလကျောင်းဟောင်းဝန်းကျင်ကို ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အရပ်သားလူငယ်အချို့ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ဂျက်(ဖိုက်တာ)နဲ့ ဗုံးနှစ်လုံးကြဲသွားတာ။ အိမ်တွေလည်း တချို့ပါသွားတယ်။ အဲဒီနားက ဟိန္ဒူအိမ်တွေရော ပျက်သွားတယ်။ ဒဏ်ရာရတာက သုံးယောက်လို့ လောလောဆယ် သိထားရတယ်။ တယောက်ကတော့ ဒဏ်ရာသိပ်မများဘူး။ သေတာရှိလားတော့ မသိရသေးဘူး”လို့ မောင်တောမြို့မှာ နေထိုင်တဲ့လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မောင်တောမြို့ပေါ်ကို ဗုံးမကြဲခင်မိနစ်ပိုင်းအလိုမှာ လေယာဉ်နဲ့ ဒရုန်းတွေ ဝဲနေခဲ့သေးတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ “မြို့ထဲကျတာ ဟုတ်တယ်။ နှစ်လုံး အကျယ်ကြီးကြားလိုက်ရတယ်။ လူတွေ လန့်ကုန်တယ်။ ကျွန်တော်လည်း မောင်တောကိုသွားတာ မြို့နားအရောက်မှ ဗုံးကြဲသံကြားရတာ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အခုဗုံးကြဲခံရတဲ့ နတလကျောင်းဟာ ဘူးသီးတောင်ဘက်ကနေ မောင်တောမြို့အဝင်၊ ဘူးသီးတောင်-မောင်တောလမ်းမကြီး‌ဘေးရပ်ကွက်မှာ တည်ရှိတာပါ။

မောင်တောမြို့ဟာ ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံး ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးမြို့တစ်ခုလည်းဖြစ်ကာ မူဆလင်အများစုနဲ့ ရခိုင် ဟိန္ဒူ၊ သက္ကမ(ဒိုင်းနက်)စတဲ့လူမျိုးတို့ နေထိုင်တဲ့ ခရိုင်အဆင့် မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ တိုက်ပွဲကာလမှာ မောင်တောမြို့ပေါ်ကို ဆက်တိုက်ဗုံးကြဲခဲ့ပြီး မြို့ပေါ်ရှိ လူနေအိမ်အများအပြားပျက်စီးသွားခဲ့ပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၀ ဦးကျော် သေဆုံးပြီး နှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ သုံးစီးအထက်၊ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook