Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

(စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်မိတဲ့ ကလေးငယ်ကို သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - chillux may)

ဇွန်-၂၄၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

ဒီကနေ့ဇွန်လ၂၄ရက် နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မူကြိုကျောင်းမှာ ဒရုန်းဝဲလို့ ကလေးတွေက ဒရုန်းချတယ်ဆိုပြီး ပြေးပုန်းနေတာ။ပြေးပုန်းတဲ့ နေရာကို ထပ်ချတာ။ သစ်ပင်ထိပြီး ကလေးတွေကို ထိတာ။ ကလေး ၂ယောက်ထိတယ်။ ၁ယောက်က အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်တွေဟာ (၁၀)နှစ် ၀န်းကျင်သာရှိသေးပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစ ထိမှန်ခဲ့ကြရတယ်လို့ သိရပါတယ်။

“အဲ့နေရာမှာ ရဲဘော်လဲမရှိဘူး၊ တိုက်ပွဲလဲမရှိဘူး၊ စာသင်မယ့်ကလေးလေးတွေပဲရှိတယ်။ဘာအ ကြောင်းပြချက်မှမရှိပဲ စိတ်လိုလက်ရ လုပ်ရက်ကြတာ။အရွယ်တောင် မရောက်သေးတဲ့ ကလေးတွေရဲ့ Dead Body ၊အဘိုး ၁ယောက်ရဲ့ ရင်ကွဲမှု့ ၊ မိခင်တစ်ယောက်ရဲ့ငိုကြွေးသံဒါတွေကိုမြင်နိုင်အောင် ဘယ်လောက်ကျယ်ကျယ်လောင်လောင်ငါတို့ထပ်အော်ရပါဦးမလဲ”လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဆေးတပ်ဖွဲ့တာ၀န်ရှိသူက ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ကြောင်း၂ခု နဲ့ မိုးဗြဲမြို့ကနေပြီး တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်ထိန်းချုပ်ဖို့ မကြာခဏ စစ်ကြောင်းထိုးနေပါတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် မိုးဗြဲမြို့အထွက်မှာပဲ စစ်ကြောင်းက ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်တပ်က ထိတွေ့မှုတွေမှာ ထိခိုက်သေဆုံးသူတွေများပါက လေကြောင်း၊လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပြီး မကြာခဏ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။

ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ အခုနှစ် ၂၀၂၆အတွင်း ကရင်နီဒေသမှာ လေကြောင်းတိုက် ခိုက်ခံရမှုတွေကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

နိုင်ငံတကာ

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။