Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲမှာစစ်တပ်က ၁၉ ဦး​ခန့်သေပြီး လက်နက်ခဲယမ်း​တွေ သိမ်းရဟု အမှတ်(၁)စစ်ဒေသ-အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)ထုတ်ပြန်

​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-အမှတ်(၁)စစ်ဒေသ - အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)

ဇွန်-၂၄၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ် မိုးဗြဲမြို့နယ် တိုက်ပွဲ​တွေမှာ စစ်တပ်ကစစ်သား ၁၉ ဦးခန့်သေဆုံးပြီးအများအပြားဒဏ်ရာရကာ လက်နက်ခဲယမ်းတွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိတယ်လို့ အမှတ်(၁)စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)ကဒီကနေ့ထုတ်ပြန်ပါတယ်။

မေလ ၁၃ ရက်ကစပြီး မိုးဗြဲနယ်အနီးဝန်ကျင်တစ်နေရာမှာ စစ်တပ်နဲ့ အမှတ်(၁)စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်) တို့အကြားတိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၉ ရက်မှာ မိုးဗြဲအနီးဝန်းကျင်တစ်နေရာနောက်ထပ်တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ​ဖော်ပြပါတယ်။

စစ်တပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ဒရုန်းတွေ၊လက်နက်ကြီး၊ တိုက်ခိုက်ရေးအင်အား အများအပြားအသုံးပြုပြီး တော်လှန်ရေးတပ် တွေရဲ့ ရှေ့တန်းကာကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့အတွက် ​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲ​တွေဖြစ်ပွားခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

(စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-အမှတ်(၁)စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)

“တနေကုန်သဘောမျိုးတော့မဟုတ်ဘူး။ဒါပေမယ့် မကြာခဏ‌ထိတွေ့မှုရှိတဲ့ ပုံစံမျိုးပါ။အဓိကစိုးမိုးကုန်းတွေကို စစ်တပ်ကပြန်ယူချင်နေတာမျိုး။နေ့စဉ်နေ့တိုင်းစစ်ကြောင်းထိုးလာတယ်။ဒါပေမယ့် ကျွန်တော်တို့ဘက်က မဟာမိတ်တပ်ပေါင်းစု အနေနဲ့ ခုခံနေတယ်။စစ်ကြောင်းထိုးလာလိုက် ထိလို့ ပြန်ဆုတ်သွားလိုက်”လို့ မိုးဗြဲ မြို့မှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ထိုးစစ်ဆင်မှုကို တော်လှန်ရေးဘက်က ပြန်လည်ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ တပ်ကြပ်ကြီးအပါအဝင် တပ်သား ၁၉ ဦး၀န်းကျင်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်ဆီက လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီးတော်လှန်ရေးတပ်ဖက်ကလည်း ရဲဘော်နှစ် ဦး ကျဆုံးခဲ့ကာထိခိုက်မှုတချို့ ရှိခဲပါတယ်။

ဒါ့အပြင် စစ်တပ်က စစ်ရေးမျက်နှာစာအတွင်း အထိနာခဲ့တာကြောင့် ကရင်နီပြည်၊ မိုးဗြဲနယ်နေရာ ဒေသအနှံ့အပြား မြေပြင်ထိုးစစ် နဲ့ လေကြောင်းက​နေ တိုက်ပွဲဧရိယာအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အများပြည်သူလူထုနေရာတွေ စစ်ရှောင်နေရာတွေကို တိုက်ခိုက်နေတယ်လို့ အသိ​​ပေးပါတယ်။

နေ့စဉ်ရက်ဆက်မြေပြင်ထိုးစစ်၊ လေကြောင်းစစ်ဆင်ရေးတွေလည်း အင်အားသုံးဆောင်ရွက်လာနိုင်တဲ့အတွက်ပြည်သူလူထုက စစ်ရေးအသိ၊ လုံခြုံရေးသတိတွေ အလေးထားကြဖို့ တိုက်တွန်းပါတယ်။

“ကရင်နီစစ်မျက်နှာတော်တော်များများမှာ စစ်တပ်ဘက်က ကင်းထောက်ပုံစံမျိုးတိုးလာလိုက်။ကျွန်တော်တို့က အဲဒီနေရာပြန်သိမ်းလိုက် အဲဒီလို အခြေအနေ ရှိတယ်”လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာလို့လည်း သိရပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀ ၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာ ရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

Facebook