Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နဲ့ ဧရာဝတီအစပ်ဒေသတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း နဲ့ရခိုင်ပြည်နယ်အစပ်နယ်မြေတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။

(ရခိုင်ပြည်နယ်အတွင်း တွေ့ရတဲ့ စစ်တပ်တပ်သားအချို့။ ဓာတ်ပုံ - AFP)

ဇွန်-၂၅၊၂၀၂၆။စိုင်းနောင်/People’s Spring

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း နဲ့ရခိုင်ပြည်နယ်အစပ်နယ်မြေတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။

ဧရာဝတီတိုင်းအတွင်းက ရေကြည်၊သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေက ရခိုင်ရိုးမနဲ့ဆက်စပ်တဲ့ဒေသတွေကို ဇွန်လဆန်းပိုင်းကစတင်ပြီး စစ်တပ်က ရိက္ခာဖြဖြတ်တောက်နေတာ ဖြစ်ပါတယ်။

” ဆပ်ပြာခဲကအစ ကန့်သတ်နေတယ်။ ဆန်၊ဆီ၊ဆားကို လုံးဝဖြတ်တောက်ဖို့ လုပ်နေတယ်။ရခိုင်ရိုးမမှာ ရွာတွေအများကြီးရှိတယ်။ ဒီတိုင်းသာဆက်လုပ်နေရင် ဒေသခံတွေအတွက် တော်တော်ဒုက္ခများမှာ ဖြစ်တယ်” လို့ သာပေါင်းမြို့နယ်မှာနေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ရေကြည်၊ လေးမျက်နှာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ ရခိုင်ပြည်နယ်က ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီးနောက်ပိုင်း ရွှေသောင်ယံမြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သာပေါင်း၊ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်တပ်က စားသောက်ကုန်တွေကိုပိတ်ဆို့ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ ရေကြည်မြို့နယ်က အမြောက်တပ်(၃၄၄)တပ်ရင်းနဲ့ လေးမျက်နှာမြို့နယ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ရိက္ခာဖြတ်တောက်ထားကို အရှိန်မြှင့်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကုန်သည်တွေလည်း တော်တော်ဒုက္ခရောက်နေတယ်။ လက်ကျန်ပစ္စည်းလုံးဝမထားဖို့ စစ်တပ်ကလာပြောတယ်။ တစ်ချို့နေရာက ဆန်စက်တွေလည်း မလည်ခိုင်းတော့ဘူးဗျ။ စီးပွားရေးတော်တော်ထိသလို အဓိကကတော့ ဒေသခံပြည်သူတွေတော်တော်ထိမယ်”လို့ လေးမျက်နှာမြို့နယ်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရခိုင်နဲ့ ဧရာဝတီနယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးမှာ တော်လှန်ရေးပူးပေါင်း တပ်တွေရဲ့ တိုက်ခိုက်ခံနေရတဲ့ စစ်တပ်က အရပ်သားပြည်သူတွေဆီသွားမယ့် ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်နေပါတယ်။

စစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းကလည်း တရုတ်အစိုးရနဲ့ပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကို ရိက္ခာဖြတ်တောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ၂၀၂၃ ကစပြီး ရခိုင်ပြည်နယ် ဝင်ပေါက်လမ်းကြောင်းတွေကိုပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ဖို့ကြိုးစားခဲ့ပါတယ်။တိုက်ပွဲတွေရှိနေတဲ့ အညာနဲ့ မြေလတ်ဒေသတွေကိုလည်း စစ်တပ်က ရိက္ခာဖြတ်တောက်နေပါတယ်။

လက်ရှိမှာတော့ ရခိုင်နဲ့ဧရာဝတီနယ်စပ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ရေကြည်မြို့နယ်ထဲကစခန်း ၂ခုကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်းနဲ့ ၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်ကောင်စီစခန်းကုန်းကို ဇွန်လ ၉ရက်နဲ့ဇွန်လ ၂၀ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...