Connect with us

Hi, what are you looking for?

News

ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လူသားချင်းစာမှုလမ်းကြောင်းတွေ ခွင့်ပြုပေး​ရေးတောင်းဆိုမှု ပုပ်ရဟန်းမင်းကြီး ထောက်ခံ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဟာ ငတ်မွတ်ခေါင်းပါးရင်းသေဆုံးခဲ့သူတွေ၊ နေရပ်ကိုစွန့်ခွာနေရသူတွေရှိတဲ့ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာ သော ပြည်သူတွေရဲ့ စိတ်နှလုံးထိခိုက်ဖွယ်အတွေ့အကြုံတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းချိန်ကစလို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ၊ ငတ်မွတ်ခေါင်း ပါးနေသူတွေထံ အကူအညီပေးနိုင်ရေးခွင့်ပြုပေးဖို့နဲ့ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦတွေကို လေးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီနေ့(ဇွန် ၂၀ ရက်)မှာ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးက လူထုကို တနင်္ဂနွေနေ့ကောင်းချီးမင်္ဂလာစကားမြွတ်ကြားစဉ် ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာကက်သလစ်ဘုန်းတော်ကြီးတွေရဲ့မေတ္တာရပ်ခံချက်မှာ သူ့ရဲ့အသံကိုပါ ထည့်သွင်း လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဟာ ငတ်မွတ်ခေါင်းပါးရင်းသေဆုံးခဲ့သူတွေ၊ နေရပ်ကိုစွန့်ခွာနေရသူတွေရှိတဲ့ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာ သော ပြည်သူတွေရဲ့ စိတ်နှလုံးထိခိုက်ဖွယ်အတွေ့အကြုံတွေဖြစ်တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာသူတွေကို အကူအညီ ပေးနိုင်ရေး လူသားချင်းစာနာမှုလမ်းကြောင်းတွေ ခွင့်ပြုပေးဖို့၊ ချာ့ချ်ကျောင်းတွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလိုမျိုး ခိုလှုံရာနေရာတွေကို လေးစားဖို့ အာဏာပိုင်တွေကို မြန်မာကက်သလစ်ဘုန်းတော်ကြီးတွေ တောင်းဆိုထားမှုကို ပုပ်ရဟန်းမင်းကြီးက ထောက်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သောကြာနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာဆီ စစ်လက်နက်စီးဆင်းမှုကို ရပ်တန့်ရေး ကို တောင်းဆိုခဲ့ပြီး စစ်တပ်အနေနဲ့ နိုဝင်ဘာရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့၊ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။