Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ မလှိုင်မြို့နယ်ကပြည်သူ ၂ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က နတ်စောင့်ရွာ စစ်ကောင်စီဂိတ်အား မီးရှို့ဖျက်ဆီးနေတာကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - တောင်သာ ပကဖ

ဇွန်-၂၅၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ၂၄ ရက် ည ၇နာရီမှာ ရေခါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးချခဲ့တာမို့ နယ်မြေချင်းထိစပ်နေတဲ့ သဘွတ်ကုန်းရွာအတွင်း ကျကာ အသက်(၄၀)ခန့်ရှိ ဦးဝင်းအောင်နဲ့ ဒေါ်ရခင်စန်းရီတို့ လင်မယား ၂ဦး သေဆုံးခဲ့ပြီး (၁၄)နှစ်အရွယ် သမီးဖြစ်သူ မ‌ ငွေမန်းသူ ခြေထောက် ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ လူထုသတင်းကွန်ယက်မလှိုင်မြို့က တာဝန်ရှိသူက ပြောပါတယ်။

” မနေ့က စစ်ကြောင်းဝင်လာတဲ့အချန် မသိတော့ပိတ်မိကုန်တာပေါ့။သဘွတ်ကုန်းမှာက စစ် ကြောင်းမရှိ ပေမယ့် လမ်းဘဲခြားတဲ့ ရေခါးကိုဝင်လာတာ။အနီးပတ်ဝန်းကျင်မှာ PDF တွေလည်းမရှိဘဲ ဒရုန်းနဲ့ချတာ”လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းချခံရပြီးနောက် ဒီနေ့မနက်မှာတော့ ကျေးရွာအတွင်းကနေ ရှောင်တိမ်းနေကြသူ တွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိ မလှိုင်မြိုနယ်မှာလည်း ညာဏ်ကန်ရွာ၊သရက်ကန်ရွာ၊ရွာသာအေးရွာ၊ပန်းအိုင်ရွာတို့မှာ စစ်တပ် စစ်ကြောင်းတွေ ရှိနေတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းတွေကြောင့် ကျေးရွာ ပေါင်း၂၀ ခန့်က ပြည်သူတွေလည်းရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook