Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဓာတ်ပုံ - ဗိုလ်တိုက်ဂါး

ဇွန်-၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မနေ့က(ဇွန် ၂၅ ရက်) ည ၇ နာရီခွဲခန့်မှာ နဘက်ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ဒရုန်း ၄ စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ပြည်သူအထိအခိုက်ကတော့ မရှိလိုက်ဘူး။ကံကောင်း တယ်ပြောရမယ်။အိမ်ကတော့ လေးလုံးပါသွားတယ်”လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) တာ၀န်ရှိသူ ကိုနွေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်လမ်းမကြီးဘေးမှာရှိတဲ့ နဘက်ကျေးရွာဟာ နေအိမ် ၁၄၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး စည်ကားတဲ့ဒေသဖြစ်ကာ ခရီးသည်တင်ကားတွေ အတက်အဆင်းလုပ်တဲ့ နေရာတစ်ခုလို့ သိရပါတယ်။

“စစ်ကြောင်းလည်းမရှိဘူး။တိုက်ပွဲလည်းမရှိဘဲ ဒီအတိုင်းကို ဗုံးလာကြဲတာ။စစ်တပ်ဘက်သတင်းပေးတွေက စောင့်ကြည့်သတင်းပေးနေသူတွေရှိနေတာလည်းပါလိမ့်မယ်”လို့ မြောင်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုနှစ် မတ်လ ၂၀ရက်ကလည်း နဘတ်ရွာကို ‌စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ မွေးကင်းစကလေးငယ်အပါအ၀င် ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ဖူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်သုတေသန အဖွဲ့တွေရဲ့ ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတ၀န်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၄၅၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။