Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့ပုံပါတဲ့ အမေရိကန် ပတ်စ်ပို့တ်အသစ်ကို ထရမ့် ပြသ

သူ့ပုံကို ထည့်သွင်းရိုက်နှိပ်ထားတဲ့ အမေရိကန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တ် အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက်လိုက်ပါတယ်။

ဓာတ်ပုံ - The White House

သူ့ပုံကို ထည့်သွင်းရိုက်နှိပ်ထားတဲ့ အမေရိကန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တ် အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက်လိုက်ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ထရမ့်က အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမယ့် ပတ်စ်ပို့တ်ရဲ့ ပုံကို လူမှုကွန်ရက် မီဒီယာ Truthမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပတ်စ်ပို့တ် အသစ်က ပေးပို့မယ့် သတင်းစကားကတော့ ‘ကြိုဆိုပါတယ်၊ ဒါပေမဲ့ ကောင်းကောင်းနေ’ဆိုတဲ့ အဓိပ္ပါယ်လို့လည်း ထရမ့်က ရေးသားထားပါတယ်။

ပတ်စ်ပို့တ် မျက်နှာစ တစ်ဖက်မှာတော့ ထရမ့်က ခုံပေါ်မှာ လက်သီးတွေ ဆုပ်ပြီး လက်ထောက်ထားတဲ့ ဓာတ်ပုံကို ရိုက်နှိပ်ထားပြီး အနောက်ဖက်မှာတော့ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ စာသားတွေ ပါရှိနေပါတယ်။

ထရမ့်ပုံပါတဲ့ ပတ်စ်ပို့တ်ကို အမေရိကန် လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမှာလို့ အမေရိကန် အစိုးရက အစောပိုင်းမှာ ကတည်းက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ပတ်စ်ပို့တ်ရဲ့ တခြားဖက်ခြမ်းမှာတော့ ၁၇၇၆ ခုနှစ်က လွတ်လပ်ရေး ကြေညာမှု စာချုပ်ကို လက်မှတ်ရေးထိုးနေပုံ ပန်းချီကားနဲ့အတူ အမေရိကန် ပြည်ထောင်စု ၂၅၀ ဆိုတဲ့ စာသားကို ရိုက်နှိပ်ထားပါတယ်။

အိမ်ဖြူတော်ကလည်း လူမှုကွန်ရက်ပေါ်မှာ အဲဒီ ပတ်စ်ပို့တ်ဒီဇိုင်းကို ‘မျိုးချစ်ပတ်စ်ပို့တ်’ဆိုတဲ့ စာသားနဲ့တွဲပြီး တင်ထားခဲ့ပါတယ်။

အရင်က ထရမ့်ပုံပါတဲ့ ပတ်စ်ပို့တ်တွေကို ဇူလိုင် ၆ ရက်ကစပြီး အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ ကြေညာခဲ့ဖူးတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နောက်ဆက်တွဲ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ထရမ့်ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ အဆောက်အအုံတွေနဲ့ တခြားသင်္ကေတတွေမှာ သူ့နာမည်၊ သူ့ရုပ်ပုံတွေ ထည့်သွင်းဖို့ကို အားကြိုးမာန်တက် လုပ်ဆောင်နေပါတယ်။ ဥပမာ မကြာခင်မှာ အမေရိကန် ဒေါ်လာ ငွေစက္ကူတွေမှာ ထရမ့်ရဲ့ လက်မှတ်ကို ထည့်သွင်းရိုက်နှိပ် ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်ကာလကို ဂုဏ်ပြုတဲ့ အနေနဲ့ ထရမ့်ရဲ့ပုံပါတဲ့ ဒေါ်လာ ၂၅၀ တန်တွေ ထုတ်ဝေဖို့လည်း အကြံပြုထားပေမယ့် လွှတ်တော် ထောက်ခံချက်ကိုတော့ မရရှိသေးပါဘူး။ ထရမ့်ဟာ ဂျွန်အက်ဖ်ကနေဒီ အနုပညာ စင်တာကိုလည်း သူ့နာမည်ပါ ထည့်သွင်း ခေါ်ဆိုစေခဲ့ပေမယ့် တရားရုံး တစ်ခုကတော့ အဲဒီကိစ္စဟာ သင့်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ ထရမ့်ဟာ အမေရိကန် ပတ်စ်ပို့တ်မှာ ဓာတ်ပုံထည့်သွင်း ဖော်ပြတဲ့ အာဏာလက်ရှိ သမ္မတ အနေနဲ့ မှတ်တမ်းဝင်လာတော့မှာလည်း ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။