Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးပစ်လို့ သက်ကြီးအမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ ၂၄ရက် ညနေပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇)တပ်ရင်းက အရပ်သား ပြည်သူနေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ဆင်တွင်းရွာနေ အသက်(၆၀) အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီ ဒေသဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းမှာ တည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦးနဲ့ ကလေးငယ် ၁ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာကို စစ်တပ်ရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၃)တပ်ရင်းက ဇွန်လ ၂၂ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကိုယ်ဝန် ၇လသား အမွှာပူး သမီး ၂ဦးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ (၁၁)နှစ်အရွယ် ကလေးငယ် သေဆုံးကာ ကလေး အပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဇွန် ၂၆ရက်က KNU အုပ်ချုပ်နယ်မြေ ကစယ်ဒိုမြို့နယ်(ထားဝယ်မြို့နယ်) ဟိန္ဒားကျေးရွာအုပ်စု ဖိုးလမိုင်း သတ္တုမိုင်း နေရာကို လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတော့မရှိခဲ့ပါဘူး။

ဒါ့အပြင် ဇွန်လ ၂၅ရက်ကလည်း တနင်္သာရီမြို့နယ် ပလောဖထောရွာအတွင်း စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။