Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဖိအားကြောင့် စိတ်ဓာတ်ကျနေတဲ့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဝင်း ကိုယ့်ကိုယ်ကို ကတ်​ကြေးနဲ့ထိုး

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးပြီး သေကြောင်းကြံလို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ အရေးပေါ် ကုနေရပါတယ်။

(ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းနဲ့ ခရိုင်ကွပ်ကဲ​ရေးမှူးရုံးမှာအစည်းအ​ဝေးလုပ်​နေစဥ် ။ဓါတ်ပုံ-MOI )

ဇွန်-၂၈၊၂၀၂၆။စိုင်းနောင်/People’s Spring

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးပြီး သေကြောင်းကြံလို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ အရေးပေါ် ကုနေရပါတယ်။

အဲ့ဒီဖြစ်စဉ်ကဇွန် ၂၈ ရက် ညနေ ၅ နာရီခန့်မှာ ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်အတွင်း ကားလမ်းဘေးမှာ ဖြစ်ခဲ့တာပါ။

“အကင်ဆိုင်ကနေ ယူလာတဲ့ ကတ်ကြေးနဲ့ ကားထဲမှာ သူ့ကိုယ်သူထိုးတာ။ လည်ပင်းကို။ အသေလုပ်တာဖြစ်မယ်။တခြားရဲတွေက အတင်းဝိုင်းတားကြသေးတယ်။ ဒါပေမယ့် သွေးတွေ များတယ်။ ဆေးရုံသယ်သွားတယ်”လို့ ဒီဖြစ်စဉ်ကိုသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပခုက္ကူခရိုင်ထဲမှာပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆိတ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့၊ ကမ္မမြို့၊ မြစ်ခြေမြို့ဆိုပြီး မြို့နယ်ငါးခု နဲ့ မြို့သုံးမြို့ပါဝင်ပါတယ်။ ဒေသတစ်ခုလုံးမှာ တိုက်ပွဲတွေရှ်ိနေပြီး စစ်တပ်က မြို့ပေါ်ကိုသာ ကွက်ပြီးထိန်းချုပ်ထားနိုင်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်တပ်ရဲ့ ဖိအားတွေကို စစ်အုပ်စုနဲ့ရဲတပ်ဖွဲ့ထိပ်ပိုင်းအရာရှိတွေကိုယ်တိုင် ဖိအားများပြီး စိတ်ဓာတ်ကျနေကြပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

“ခရိုင်တခုလုံးမှာတိုက်ပွဲမဖြစ်တဲ့မြို့မရှိဘူး။ တိုက်ပွဲတွေမှာလည်းကျတယ်။စစ်မှုထမ်းသင်တန်းအတွက်လည်း လူစုရတယ်။ထွက်ပြေးတဲ့သူတွေလည်းများတယ်။ ရဲတွေလည်းထွက်ပြေးကြတယ်။ မြို့နယ်ရဲတွေ၊ခရိုင်ရဲတွေလည်း ဖိအားတွေမခံနိုင်ကြတော့ဘူး။ ဒီကြားထဲ မြိုင်မှာ ရဟတ်ယာဉ် ဒရုန်းစာမိတော့ ရဲတွေကိုပါ စစ်တပ်က ဆဲတာ”လို့ ၎င်းက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲအတွင်း စစ်​ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်းကို ​တော်လှန်​​ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ ပျက်စီးသွားတယ်အဲဒီရဟတ်ယာဉ်အတွက် လုံခြုံရေးကို ရဲတွေလည်းယူခဲ့ရပါတယ်။ စစ်တပ်ကအဲဒီ ရဟတ်ယာဉ်ကို ကားနဲ့ပြန်ဆွဲသွားရပါတယ်။

“​​ေးတပ်က ပျက်နေပြီ။ အကုန်ဝိုင်းပြီး ဆော်ရင် ပွဲပြတ်မှာသေချာတယ်”လို့ ပခုက္ကူခရိုင်ထဲကပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ဒါအပြင် ဇွန် လ ဒုတိယပါတ်မှာ ​PDF ၊ပကဖ နဲ့​တော်လှန်​ရေးတပ်​တွေက မြစ်​​ခြေရဲစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တာမှာ စစ်သား​နဲ့ရဲအများအပြား​သေဆုံးပြီး သုံ့ပန်း​တွေကိုလည်း ဖမ်းမိခဲ့ပါတယ် ။

ဆက်စပ်သတင်းများ