Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လန်ဒန်ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ စစ်ကောင်စီသံရုံးနဲ့ ဖိလစ်ပိုင်သံရုံးရှေ့တို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

နိုဝင်ဘာ-၁၈၊၂၀၂၆။သုည/Peoples Spring

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ စစ်ကောင်စီသံရုံးနဲ့ ဖိလစ်ပိုင်သံရုံးရှေ့တို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M) မှ ဦးဆောင်ပြီး လန်ဒန်ရောက် တော်လှန်ပြည်သူတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုနဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေး၊ အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရတုကို ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“မတရား စစ်မှုထမ်း ပြန်ပေးဆွဲနေမှုများ ချက်ချင်းရပ်၊ ချက်ချင်းရပ်!”၊ “ကလေးသူငယ် စာသင်ကျောင်းများကို လေယာဉ်ဗုံးကြဲနေမှုများ ချက်ချင်းရပ်၊ ချက်ချင်းရပ်!” ၊ “ဆေးရုံ၊ ဆေးခန်းများကို လေယာဉ်ဗုံးကြဲနေမှုများ ချက်ချင်းရပ်၊ ချက်ချင်းရပ်!” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးရေး Free Her ကမ်ပိန်းကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ