Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရု​ဂွေးအသင်း အုပ်စုပြုတ်လို့ စင်းလုံးငှား လေယာဉ် ခရီးစဉ် ဖျက်သိမ်းခံရ

ကမ္ဘာ့ဖလားမှာ အိမ်ပြန်စောခဲ့တဲ့ လက်ရွေးစင် အသင်းအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ပေးထားတာကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်လိုက်ပါတယ်။

ဓာတ်ပုံ - AP

ဇွန်-၂၉၊၂၀၂၆။People’s Spring

ကမ္ဘာ့ဖလားမှာ အိမ်ပြန်စောခဲ့တဲ့ လက်ရွေးစင် အသင်းအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ပေးထားတာကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်လိုက်ပါတယ်။

တောင်အမေရိက ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးဟာ ကမ္ဘာ့ဖလား အုပ်စု(H)မှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးပြီး အုပ်စုအဆင့်ကနေပဲ အိမ်ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ ကမ္ဘာ့ဖလားကို အရင်က တစ်ကြိမ်မှ မယှဉ်ပြိုင်ဖူးတဲ့ ကိပ်ဗာဒီလို အသင်းငယ်လေးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအတွက် အပြန်ခရီးစဉ် လေယာဉ် စင်းလုံးငှားပေးမယ့် ကိစ္စကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Getty Images

ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ကတော့ တချို့ ကစားသမားတွေဟာ မြို့တော် မွန်တီဗီဒိုဆီ ပြန်မလာဘဲ ဥရောပမှာရှိတဲ့ သက်ဆိုင်ရာ ဘောလုံးကလပ်တွေဆီ ပြန်သွားဖို့ စီစဉ်ထားတဲ့အတွက် အသင်းလိုက် စုစုစည်းစည်း အိမ်ပြန်လာဖို့ အဆင်မပြေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ မက္ကဆီကိုမှာ ရှိနေတဲ့ ဥရုဂွေး အသင်းဟာ ဇာတိနိုင်ငံ ပြန်လာချင်သူတွေရော၊ တခြားနေရာတွေဆီ သွားချင်သူတွေပါ ကိုယ့်အစီအစဉ်နဲ့ကိုယ် တကွဲတပြားစီ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဥရုဂွေး အသင်းမှာတော့ ကစားသမားတွေနဲ့ နည်းပြ မာဆယ်လို ဘီယဲလ်ဆာတို့ကြားမှာ အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ဖလားကနေ အရှက်တကွဲ ထွက်ခွာခဲ့ရပြီးနောက် ပြည်တွင်း မီဒီယာတွေကလည်း ဥရုဂွေး အသင်းကို အပြင်းအထန် ဝေဖန် ထိုးနှက်နေကြပါတယ်။ လူသိများတဲ့ အားကစား ဂျာနယ်လစ် မာတင် ချာကီရိုက နှစ် ၅၀ အတွင်းအကြီးမားဆုံး အရှက်ကွဲမှုကြီးလို့တောင် ခေါင်းစဉ်တပ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဖြစ်ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်း အကြောင်းပြချက်တွေအရ တစ်ပွဲမှ မကစားခဲ့ရတဲ့ နောက်ခံလူ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်က အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် အထူးနာကျင်ရကြောင်းနဲ့ ဥရုဂွေး ပြည်သူတွေကို အနူးအညွတ် တောင်းပန်လိုကြောင်း၊ ဒါဟာ ကစားသမားတွေ မျှော်လင့်ထားတဲ့ အခြေအနေ မဟုတ်ခဲ့ပေမယ့်လည်း ဘောလုံးမှာတော့ ဒီလို ကိစ္စတွေကို လက်ခံရုံသာရှိကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ စပိန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့အုပ်စုနောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်မတိုင်ခင်မှာ ကစားသမားတွေက နည်းပြ ဘီယယ်ဆာကို ဖီဆန်တာမျိုး အခြေအနေတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: FLM

ဓါတ်ပုံ-Getty ၊ FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။