Connect with us

Hi, what are you looking for?

News

အမြောက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ ကော့ကရိတ်အာရှလမ်းအတိုင်း တက်သွား

ကော့ကရိတ်မှာ ပစ်ခတ်သံတွေအခုမနက် ၈ နာရီကျော်ကျော်လောက်မှာ စကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြောက်တွေတင်ဆောင်လာတဲ့ စစ်ကားနှစ်စီးအပါအဝင် စစ်ကောင်စီကား ၁၆ စီးဟာ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်း ရောက်ရှိလာပြီး ဒီမနက်အစောမှာ လွန်းညရွာကို ရောက်ရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

လွန်းညရွာက ဘားအံမြို့အထွက်ရွာဖြစ်ပြီးတော့ ကားတွေက လေးကေကော်ကိုဦးတည်သွားနေတာဖြစ်တယ်လို့ သိရပါတယ်။

ခန့်မှန်းခြေ အင်အား ၇၀ ခန့်ရှိပြီးတော့ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်းတက်သွားနေ တယ်လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။

ကော့ကရိတ်မှာ ပစ်ခတ်သံတွေအခုမနက် ၈ နာရီကျော်ကျော်လောက်မှာ စကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကေကော်ကနေစတင်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအကျအဆုံးများတဲ့သတင်းတွေဆက်တိုက်တက်လာနေပြီးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်အောင်စိုးကိုယ်တိုင် လာရောက်ကွပ်ကဲနေတာဖြစ်တယ်လို့ သိရပါတယ်

ကရင်ပြည်နယ်ကို အင်တာနက်လက်ဖြတ်တောက်မယ့်သတင်းတွေလည်းထွက်ပေါ်နေတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook