Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်ကို သက်တောင့်သက်သာ ကစားပြီး ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်

ဇွန်လ ၃၀ မှာ ဆက်လက် ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပွဲစဉ်တွေမှာ နာမည်ကြီး ပြင်သစ်ဟာ ဆွီဒင်ကို ဂိုးပြတ် အနိုင်ယူပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းလာခဲ့ပါတယ်။

ဇွန်လ ၃၀ မှာ ဆက်လက် ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပွဲစဉ်တွေမှာ နာမည်ကြီး ပြင်သစ်ဟာ ဆွီဒင်ကို ဂိုးပြတ် အနိုင်ယူပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းလာခဲ့ပါတယ်။

ဆွီဒင်မှာ ဗစ်တာ ယော့ခရက်စ်၊ အလက်ဇန္ဒား အိုင်ဆက်ခ်၊ အန်တိုနီ အီလန်ဂါ၊ လူးကက်စ် ဘာ့ဂ်ဗောလ်၊ ဗစ်တာ လင်ဒီလော့ဖ်တို့လို အဓိက ကစားသမားတွေ စုံစုံလင်လင် ပါဝင်လာခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် ပြင်သစ်ကို အဘက်ဘက်က မယှဉ်နိုင်ခဲ့ပါဘူး။

ပြင်သစ်ဟာ တစ်ပွဲလုံးလိုလို ဆွီဒင်အပေါ် အသာစီးက ဖိအားပေး ကစားခဲ့ပြီး သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ကတည်းက ပြင်သစ်ရဲ့ ဂိုးသွင်းမှု နှစ်ကြိမ်က တိုင်ထိထွက်ပြီး တစ်ကြိမ်က လူကျွံဘော ဖြစ်နေခဲ့လို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။

ပြင်သစ်အတွက် အဖွင့်ဂိုးကိုတော့ အခုနှစ် ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေက ပထမပိုင်း ပြီးခါနီးမှာ သွင်းယူခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ထိုးဖောက်ပြီး ဆွီဒင် နောက်ခံလူတွေကို ခြေယောင်ပြရင်း အဝေးတိုင်ထောင့်ထဲ လှမ်းကန်ခဲ့တဲ့ အမ်ဘာပေရဲ့ ကန်ချက်ကို ဆွီဒင်ဂိုးသမား ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ပြင်သစ်အတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ မိုက်ကယ် အိုလီဆေး ပေးပို့တဲ့ ဘောလုံးကို ဧရိယာထဲကနေ ဘရက်ဒ်လေ ဘာကိုလာက ကန်သွင်းပြီး ရယူနိုင်ခဲ့ပါတယ်။ ၇၄ မိနစ်မှာတော့ အိုလီဆေးပဲ အကွက်ဆင် ဖန်တီးပေးလိုက်တာကို အမ်ဘက်ပေက ဘယ်ခြမ်းကနေ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖောက်ထွက်ပြီး အပိုင်ကန်သွင်းရင်း တတိယဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်ဖက်က ဂိုးသွင်းခွင့် အများအပြား ရခဲ့ပေမယ့် ကံခေမှုတွေ၊ ဆွီဒင်ဂိုးသမား ဝီဒယ်လ် ဇက်တာစထရွမ်ရဲ့ ကြိုးစား ကာကွယ်မှုတွေကြောင့်သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။

အခုပွဲစဉ်မှာ နှစ်ဂိုးသွင်းခဲ့တဲ့ အမ်ဘက်ပေကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၆ ဂိုးထိ ရရှိလာပြီး ဂိုးသွင်းဘုရင် စာရင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့အတူ ပူးတွဲ ဦးဆောင်နေပါတယ်။

ပြင်သစ်ဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ နာမည်ကြီး ဂျာမနီကို ကျော်ဖြတ်လာတဲ့ တောင်အမေရိကအသင်း ပါရာဂွေးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

Facebook