Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခြေစွမ်းပြနေတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကိုလည်း နောက်တစ်ဆင့်တက်

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့ဖလား စတင်ချိန် ကတည်းက ခြေစွမ်းပြနေတဲ့ မက္ကဆီကို အသင်းဟာ ဒီပွဲစဉ်မှာလည်း ပြိုင်ဘက်ကို သိသိသာသာ အသာစီးယူ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဂိုးသွင်းမသေချာလို့သာ အခုထက်ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။

မက္ကဆီကိုအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ ဘယ်ခြမ်းကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဂျူလီယန် ကွင်နိုနက်စ်က ဘောလုံးဆွဲပြေးပြီး အပြင်းကန်သွင်းခဲ့ပါတယ်။

နောက်ထပ် မိနစ်ပိုင်း အကြာမှာပဲ ကွင်နိုနက်စ် ပေးပို့တဲ့ ဘောလုံးကို ဝါရင့်တိုက်စစ်မှူးကြီး ရာအူးလ် ဂျီမီနက်ဇ်က ပင်နယ်တီ ဧရိယာထဲကနေ အပြင်းကန်သွင်းပြီး ဒုတိယ အနိုင်ဂိုးကို ထပ်သွင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယပိုင်းမှာလည်း မက္ကဆီကိုကပဲ ဂိုးသွင်းခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေနဲ့ အီကွေဒေါ ဂိုးသမား ဟာလန် ဂါလင်ဒက်ဇ်ရဲ့ ကာကွယ်မှုတွေကြောင့်ပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အီကွေဒေါ ဘယ်နောက်ခံလီ ပီရို ဟင်ကာပီဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ပြိုင်ဘက်ကို စကားပြောမိလို့ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ်။ ဒီစည်းမျဉ်းဟာ လူမျိုးရေး ခွဲခြားစော်ကားမှုတွေကို တိုက်ဖျက်ဖို့ အခုနှစ် ကမ္ဘာ့ဖလားမှာ စတင်ကျင့်သုံးနေတာပါ။

မက္ကဆီကိုဟာ လက်ရှိအချိန်ထိ ကမ္ဘာ့ဖလားမှာ ၄ ပွဲကစားပြီး ပေးဂိုးလုံးဝ မရှိသေးပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင်တွေထဲမှာ ကနေဒါနဲ့ မက္ကဆီကိုတို့က ၁၆ သင်း ရှုံးထွက်အဆင့်ဆီ အောင်အောင်မြင်မြင် တက်လှမ်းထားပြီး အမေရိကန်ရဲ့ ပွဲစဉ်ကတော့ မကစားရသေးပါဘူး။

၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ မက္ကဆီကိုဟာ အင်္ဂလန်-ကွန်ဂို ပွဲစဉ်ကနေ အနိုင်ရလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

Facebook