Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ AAက လယ်သမားတွေကိုတန်ဖိုးနည်းနဲ့ ဓါတ်မြေဩဇာ ခွဲတမ်းနဲ့ရောင်းပေးဖို့ စီစဉ်နေ

အခုလာမယ့် မိုးစပါးရာသီအတွက် လယ်သမားတဦးကို ဓါတ်မြေဩဇာ ဆယ်အိတ်စီ ခွဲတမ်းနဲ့ ရောင်းချပေးဖို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

(၂၀၂၂ ခုနှစ် ယာယီအပစ်ရပ်ကာလတုန်းက တိုက်ပွဲတွေကြောင့် ရိတ်သိမ်းချိန်လွန်နေတဲ့စပါးခင်းတွေကို AA တပ်ဖွဲ့၀င်တွေက ကူရိတ်သိမ်းပေးခဲ့စဥ်။ ။ဓါတ်ပုံ - APM)

ဇူလိုင်-၁ ၊၂၀၂၆။ခိုင်မြတ်/People’s Spring

အခုလာမယ့် မိုးစပါးရာသီအတွက် လယ်သမားတဦးကို ဓါတ်မြေဩဇာ ဆယ်အိတ်စီ ခွဲတမ်းနဲ့ ရောင်းချပေးဖို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေအတွက် လယ်ယာသွင်းအားစုစရိတ်တွေ သက်သာစေဖို့ရည်ရွယ်ပြီး အစိုးရကိုယ်တိုင် ဓါတ်မြေဩ ဇာ တင်သွင်းကာ တန်ဖိုးနည်းနဲ့ ရောင်းချပေးဖို့ စီစဉ်နေတာပါ။

“မြို့နယ်တိုင်းမှာ ရောင်းပေးဖို့လုပ်နေတယ်။ အခုဓါတ်မြေဩဇာတွေချနေပြီ။တချို့မြို့နယ်တွေမှာ ရောက်နေပြီ။လယ်သမားတယောက်ကို အများဆုံး ဆယ်အိတ်ထိ ရောင်းပေးမှာ၊ အရင်းနဲ့ ရောင်းမှာပါ။ ဒီနှစ်မှာ အရင်နှစ်တွေက ထက် ပိုရောင်းပေးနိုင်အောင် လုပ်နေကြတယ်” လို့ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လယ်သမားတွေအနေနဲ့ ဓါတ်မြေဩဇာဆယ်အိတ်ထိကို ထောက်ခံစာမလိုဘဲ ဝယ်ယူနိုင်ပြီး ဆယ်အိတ်အထက် ဝယ်မယ်ဆိုရင်တော့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ ဝယ်ကြရမယ်လို့ ဆိုပါတယ်။

ငွေကြေးမတတ်နိုင်တဲ့လယ်သမားတွေကိုတော့ တလဆိုင်းငံ့ အကြွေးစနစ်နဲ့ ရောင်းချပေးမယ်လို့လည်း စိုက်ပျိုးရေးဌာနက အသိပေးထားပါတယ်။

AA စိုက်ပျိုးရေးဌာနဟာ အဖြူ(ယူရီးယား) ငါးဆယ်ကီလိုဂရမ်ပါ တအိတ်ကို ကျပ် ၉၅၀၀၀၊ အမဲဓါတ်မြေဩဇာ ငါးဆယ်ကီလိုဂရမ်ပါ တအိတ်ကို ကျပ် ၂၀၀၀၀၀ စျေးနဲ့ ရောင်းပေးမယ်လို့ သိရပါတယ်။

အဲဒီဓါတ်မြေဩဇာတွေဟာ အိန္ဒိယနိုင်ငံကနေ တင်သွင်းမယ့် ဓါတ်မြေဩဇာတွေ ဖြစ်ကြပါတယ်။ လက်ရှိရခိုင်ပြည် တွင်း ပြင်ပဆိုင်တွေမှာတော့ ဓါတ်မြေဩဇာအဖြူ(ယူရီးယား)တအိတ်ကို ကျပ် ၁၅၀၀၀၀ ဝန်းကျင်နဲ့ ပြည်မဘက် ကဝင်တဲ့ အမဲတအိတ်ကို ကျပ် ၄၅၀၀၀၀ ဝန်းကျင်စျေးရှိနေပါတယ်။

AA ဟာ ပြီးခဲ့တဲ့နှစ်ကလည်း လယ်သမားတွေကို ဓါတ်မြေဩဇာရောင်းချပေးခဲ့မယ့် လယ်သမားအနည်းငယ်သာ ဝယ်ခွင့်ရခဲ့ပါတယ်။

“ဒီနှစ်တော့လယ်သမားတိုင်းရမယ်ထင်တယ်။အဲလိုလည်း ရစေချင်တယ်။မနှစ်ကဆိုရင် အစိုးရက ရောင်းပေး မယ်လို့ အသံပဲထွက်ခဲ့တယ်၊မြေပြင်ကိုမြေဆီ(ဓါတ်မြေဩဇာ)တွေသိပ်မရောက်ခဲ့ဘူး။ ဒီဘက်က ရွာတော်တော် များများ မြေဆီမရခဲ့ကြဘူး။ အပြင်က စျေးအခက်ကြီးနဲ့ ဝယ်ခဲ့ကြရတယ်” လို့ ပေါက်တောမြို့နယ်မှ လယ်ဧက သုံး ဆယ်ကျော်ထွန်ယက်စိုက်ပျိုးတဲ့ လယ်သမားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊ လယ်ယာထွက် ကုန် စပါးစျေးကောင်းမရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အပြည့်အ၀မလုပ်ကြ တော့ဘဲ လယ်ယာလုပ်ငန်းကို စွန့်ခွာလာနေကြပါတယ်။

လယ်ယာလုပ်ငန်းကထွက်တဲ့ စပါးစျေးကတော့ ပေါ်ဆန်းမွှေး တင်းတရာကို ကျပ် ၁၅ သိန်း၊ ဖျာပုံပေါ်ဆန်းမွှေး တင်းတရာကို ကျပ် ၁၄ သိန်း၊ စပါးကြမ်းတင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်သာ စျေးရှိနေပြီး ဝယ်မယ့်သူလည်း ရှားတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ ထွန် ယက်ကြမယ့်လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားအ ရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

လယ်ယာလုပ်ငန်းကို စွန့်ခွာသူတွေ များလာတာကြောင့် ပြန်လည်ကုစားနိုင်ဖို့အတွက် အခုလို ဓါတ်မြေဩဇာတွေ အစိုးရကိုယ်တိုင်တင်သွင်း၊ ရောင်းချပေးနေတာဖြစ်တယ်လို့ စိုက်ပျိုးရေးဌာနက ဆိုပါတယ်။

AA စိုက်ပျိုးရေးဌာန ဝန်ထမ်းတဦးက “လယ်သမားတွေ အရင်းနည်းအောင်ပေါ့၊ဒါမှလည်း လယ်လုပ်ချင်ကြမှာ လေ။ နောက်ပြီးကျရင် စပါးတွေ စျေးကောင်းရအောင်လည်း စျေးကွက်ရှာဖို့ ကြိုးစားနေတာတွေ ရှိတယ်” လို့ ဆိုပါ တယ်။

စစ်တပ်အာဏာမသိမ်းခင်တုန်းက ရခိုင်ပြည်နယ်အတွင်းမှာ မိုးစပါးကို ရာခိုင်နှုန်းပြည့်စိုက်ပျိုးခဲ့ကြပြီး စပါးတင်းတ ရာကိုလည်း ကျပ်သိန်း ၄၀ ဝန်းကျင် စျေးရခဲ့ကြပါတယ်။ ဒါ့အပြင် သွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာဟာလည်း တသိန်းဝန်းကျင်သာ ရှိခဲ့ပြီး အလုပ်သမားခကလည်း ထောင်ဂဏန်းသာ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ စကြုံခဲ့ကြရပြီး မြို့သိမ်း တိုက်ပွဲတွေစပြီးနောက် အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တဲ့အခါ ရ ခိုင်ဒေသထွက် စပါး၊ ဆန်တွေကို ပြည်မနဲ့ ပြည်ပနိုင်ငံတွေဆီ တင်ပို့မရတော့တာကြောင့် စပါးဝယ်လိုအားနည်းကာ စျေးမရကြတော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

သတင်း

အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

Facebook