Connect with us

Hi, what are you looking for?

သတင်း

ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတွေကို စစ်တပ် ဗုံးကြဲ၊ တိုက်ပွဲလည်း ဖြစ်နေ

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

(တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ဖို့ ပြင်ဆင်နေတဲ့ ကသာမြို့ခံတွေ။ ဓာတ်ပုံ - KNG)

ဇူလိုင်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဇူလိုင် ၁ရက် မနက်ကစပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ ပိုလုပ်လာပြီးနောက် စစ်ကြောင်း‌ဝင်လာတာလို့ ဒေသခံ အချို့ကပြောပါတယ်။

” စစ်တပ်က စစ်ကြောင်းဝင်လာတာ။ လေကြောင်းကနေ ပစ်ကူပြီး ဝင်လာတာပါ။ စစ်ဘေးရှောင်တွေရှိတဲ့ ရွာတွေကိုပါ ဝင်လာနေတာလို့ နောက်တနေရာကို ပြေးကြရပြန်တယ်”လို့ မော်လူးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကသာမြို့အနီးနဲ့ အင်းတော်မြို့နယ် လည်နောင်ရွာနဲ့ မော်လူးမြို့အနီးမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

” အင်းတော်မှာဆို မဲဇာဘက်ကို စစ်တပ်က ဝင်လာတယ်။ ကသာမှာလည်း တိုက်ပွဲဖြစ်နေတယ်။ လမ်း‌တွေအကုန် ပိတ်နေတာဗျ” လို့ ကသာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်နဲ့‌ မော်လူးမြို့ကို စစ်တပ်စစ်ကြောင်းတွေ ဝင်လာတဲ့ မတ်လကုန်နဲ့ ဧပြီလဆန်းကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။မြို့အတွင်းကို စစ်ကြောင်းတွေဝင်လာချိန်မှာ အရပ်သားတွေကို ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့ပါတယ်။

မေလအတွင်းကတိုက်ပွဲတွေမှာ မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်းရှိနေတဲ့ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်တပ် အထိနာခဲ့ပါတယ်။ ဇွန်လအတွင်းမှာ စစ်တပ်က လေကြောင်းကနေ အားဖြည့်ပြီး ယခုရက်ပိုင်းအတွင်း မြို့ပြင်တွေဘက်ကို စစ်ကြောင်းထိုးနေတာလို့ သတင်းရရှိပါတယ်။

လက်ရှိမှာ ကသာမြို့နဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်တပ်က ကသာ၊ဗန်းမော်နဲ့ ရွှေကူမြို့ကို ဧရာဝတီမြစ်ကြောင်းကနေလည်း လက်နက်ခဲယမ်းနဲ့ လူအင်အားပို့ဖို့ကြိုးစားနေပြီး စစ်သဘ်ော ၂စီးအပါအဝင် ရေယာဉ် ၂၀ခန့်နဲ့ ဆန်တက်လာပါတယ်။

ဧရာဝတီမြစ်ကြောင်းထဲက စစ်ရေယာဉ်တွေက ရမ်းသမ်းပစ်ခတ်နေတာကြောင့် မြစ်ကမ်းဘေးနဲ့ (၅)မိုင်ခန့်အတွင်းက ကျေးရွာတွေ ကြိုတင်ရှောင်တိမ်းကြဖို့ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook