Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂိုးပြတ်အနိုင်နဲ့ နောက်တစ်ဆင့် တက်ခဲ့တဲ့ စပိန်

စပိန်အသင်းဟာ ဥရောပပြိုင်ဘက် ဩစတြီးယားကို ဂိုးပြတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

စပိန်အသင်းဟာ ဥရောပပြိုင်ဘက် ဩစတြီးယားကို ဂိုးပြတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

နှစ်သင်းစလုံး လူစုံထုတ် ကစားခဲ့ကြပြီး စပိန်ကတော့ ပွဲအစပိုင်း ကတည်းက ပိုပြီး ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ စပိန်အတွက် ဦးဆောင်ဂိုးကိုတော့ ဘယ်ခြမ်းကနေ မတ်ခ် ကူကူရယ်လာ မြေလှိမ့်ဘော ဖြတ်ပို့တာကို ဧရိယာထဲမှာ လူကပ်မခံထားရတဲ့ တိုက်စစ်မှူး မစ်ကဲလ် အွိုင်ရာဇာဘဲလ်က ပိတ်သွင်းပြီး ရယူသွားခဲ့ပါတယ်။

စပိန်က ပထမပိုင်းမှာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဩစတြီးယားကို ဆက်တိုက်လိုလို ဖိကစားခဲ့ပါတယ်။ ၆၆ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်မှူး အဲလက်စ် ဘေနာက ဘယ်တောင်ပံက ဖြတ်တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ပက်ဒရို ပေါ်ရိုက ခေါင်းတိုက်ပြီး စပိန်တို့ ဒုတိယ ဦးဆောင်ဂိုး ရခဲ့ပြန်ပါတယ်။

ပွဲပြီး မိနစ် ၉၀ ပြည့်ခါနီးမှာတော့ ကူကူရယ်လာရဲ့ ပါးနပ်ပြီး အကွက်မြင်တဲ့ ပေးပို့မှုကို လူကျွံထောင်ချောက်ကနေ ဖောက်ထွက်သွားတဲ့ အွိုင်ရာဇာဘဲလ်က ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အသာအယာ ပိတ်သွင်းခဲ့တာကြောင့် စပိန်တို့ သုံးဂိုးပြတ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။ စပိန်အသင်းဟာ အခုပွဲမှာ ဒီထက်မက ဂိုးတွေ ရနိုင်တဲ့ အခြေအနေတွေ ရှိပေမယ့်လည်း ဩစတြီးယား ဂိုးသမား အလက်ဇန္ဒား ရှလာဂါရဲ့ ကြိုးစား ကာကွယ်မှုတွေနဲ့ ကံခေမှုတွေကြောင့် ဂိုးထပ်မရခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

စပိန်တိုက်စစ်မှူး အွိုင်ရာဇာဘဲလ်ကတော့ အခုနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးထိ ရရှိထားပါပြီ။ အရင်သွင်းဂိုးတွေကိုတော့ အုပ်စုအဆင့်၊ ဆော်ဒီအာရေဘီးယားနဲ့ တွေ့ဆုံချိန်တုန်းက သွင်းယူခဲ့တာပါ။

စပိန်ဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ ပေါ်တူဂီနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပေါ်တူဂီ အသင်းဟာ ခရိုအေးရှား အသင်းနဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ဖြတ်သန်းပြီးတဲ့နောက် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ဆီ ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ဒီပွဲက ပရိသတ်တွေအတွက် ဖျော်ဖြေမှုတွေ ပေးနိုင်ခဲ့သလို နောက်ဆုံးမိနစ် သွင်းဂိုး ပယ်ဖျက်ခံရမှုလို ပြဇာတ်ဆန်တဲ့ အလှည့်အပြောင်းတွေကိုပါ မြင်တွေ့စေခဲ့ရပါတယ်။

နိုင်ငံတကာ

၂၀၂၆ ကမ္ဘာ့ဖလားမှာ နာမည်ကြီးကစားသမားအများစု ​ခြေစွမ်းပြ ဂိုး​တွေအပြိုင်သွင်းယူ​နေတာ​ကြောင့် ​ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲဟာ အကြိတ်အနယ်ဖြစ်​နေပါတယ် ။

နိုင်ငံတကာ

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘော့စ်နီးယား ဟာဇီဂိုးဗီးနား အသင်းကို တစ်ယောက်လျော့ အနေအထားမှာ အနိုင်ယူပြီး အမေရိကန်က ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ ရှေ့ပွဲစဉ်တွေမှာ ကနေဒါနဲ့ မက္ကဆီကိုတို့လည်း အသီးသီး နောက်တစ်ဆင့် တက်ထားပြီ ဖြစ်တာကြောင့် ပူးတွဲအိမ်ရှင် သုံးသင်းစလုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို...